အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂၀၂၀) ၂ဝ၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်

မြန်မာပြည်တွင်း၌ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ဆောင်ရွက် နေသူများကို အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများက ကျေးဇူးတင် ဂုဏ်ယူ ဝမ်းသာပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

၂ဝ၂၀ ပြည့်နှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက်…

မြန်မာပြည်တွင်းနေထိုင်လျက် တိုင်းရင်းသားပြည်သူတို့အတွက် လူမှုရေးလုပ်ငန်းများ ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့် ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သော၊ လူ့ဘောင်လောက နှင့် နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေကြသော၊ စံပြဖြစ်သော လူချွန်လူမွန်များကို အမည်စာရင်း တင်သွင်းခြင်းဖြင့် ဂုဏ်ပြုနိုင်ပါသည်။
၂ဝ၂၀ ပြည့်နှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းကို ၂ဝ၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ လက်ခံနေပြီဖြစ်ပါသည်။ အဆိုပြုလွှာ တင်သွင်းလိုသူ မည်သူမဆို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ https://citizenofburmaaward.org/coba/nomination-2020/ သို့ သွားရောက် ပုံစံဖြည့်စွက်၍ အဆိုပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ (အဆိုပြုလွှာ တင်သွင်းသူများအဆင်ပြေစေရန် ဇော်ဂျီ၊ ယူနီကုဒ် ဖောင့်နှစ်မျိုးစလုံးဖြင့် ဖတ်ရှု၊ ဖြည့်စွက်နိုင်ရန်စီစဉ်ထားပြီး ဖြည့်စွက်ပြီးပါက Submit Nomination Form ကို နှိပ်၍ ပေးပို့ရန် ဖြစ်ပါသည်။)