COBA-Events

You are here: Home / COBA-Events

Announcement -ထုတ်ပြန်ကြေညာချက်

ကချင်ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်း အတွက် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ

ကချင်ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်း အတွက် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ

အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ ကချင်ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မေလ ၁၃ ရက်၊၂၀၂၄ ခုနှစ်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရသဖြင့် ကျွန်ုပ်တို့ ပြည်သူ့ဂုဏ်ရည်အသင်းမှအလွန်အင်မတန်ပင် ဝမ်းနည်း ကြေကွဲရပါသည်။  ကွယ်လွန်ချိန်အထိ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း တာဝန် ထမ်းဆောင်ခဲ့တဲ့ ရာထူး တာဝန်များမှာ စစ်ဦးစီးချုပ် – ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်  အမှတ် (၁) စစ်ဒေသ၏ တည်ထောင်သူ စစ်ဒေသမှူးရာထူးကိုပါ ပူးတွဲရယူခဲ့သူဖြစ်ပြီး၊ တော်လှန်ရေး ကာလအတွင်း၌ စစ်မျက်နှာ မြေပြင်အထိ သွားရောက်ကာ စစ်ရေးကိစ္စများကို အားကြိုးမန်တက် တာဝန်ယူခဲ့သူအဖြစ် လူသိများခဲ့ပါသည်။  ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ နွေဦးတော်လှန်ရေး ဖြတ်သန်းစဉ်ကာလများ၌ သူသည် ရဲဘော်များနှင့်အတူ အညာမြေ၊ အညာဒေသတွင် အတူတကွ နေထိုင်၍ အထူးဒေသ (၁) ၏ စစ်ဆင်ရေးများကိုလည်း ကိုယ်တိုင်ကြီးကြပ်တာဝန်ယူခဲ့သူ ဖြစ်ခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ရန်ကုန် တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ ဂီတလောက၏ ထင်ရှားသော ခရမ်းပြာအဆောင်ထွက် အနုပညာရှင် တစ်ဦးအဖြစ်လည်း လူသိများခဲ့သူ ဖြစ်ပါသည်။ တေးရေး ကိုရဲလွင်၊ ခင်မောင်တိုး၊ မွန်းအောင် စသည့် ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်များနှင့် အတူ အနုပညာ လုပ်ငန်းများကို တက္ကသိုလ်ကျောင်းသားဘဝ၌ အတူတူ လုပ်ကိုင်ခဲ့ကြပြီး ဂီတတီဝိုင်းများတွင် ဘေ့စ်ဂီတာ တီးခတ်ခဲ့သူ ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသားတိုင်းနားထောင်ဖူးသည့် နာမည်ကျော် ၈/၈၂ အင်းလျား (မူရင်း) သီချင်းမှာ သူက ဘေ့စ်ဂီတာ တီးခတ်ပေးခဲ့ပါသည်။  ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မတူညီသော တိုင်းရင်းသား လူမျိုးများကြား၌ လူမျိုးရေး ခွဲခြားသည့်အမြင်လုံးဝ မရှိဘဲ ဗမာတိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားများနှင့် အတူတကွ “နိုင်ငံသား” ဆိုသည့် ခေါင်းစဉ်အောက်မှ ချစ်ခင်ရင်းနှီးစွာ အတူတွ နေထိုင်ခဲ့သည့် စံပြ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။  ထင်ရှားသည့် သာဓက အဖြစ် အမှတ် (၁) စစ်ဒေသ၌ တာဝန်ယူစဉ် သူ ကိုယ်တိုင် စစ်ဒေသ မြေပြင်အထိ ဆင်းပြီး စစ်ကိုင်းဒေသမှာ PDF ရဲဘော်များနှင့်အတူ စစ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဗမာဒေသ၊ ကချင်ဒေသ ဆိုသည့်ဒေသစွဲ လူမျိုးစွဲ မရှိဘဲ ဗမာဒေသမှ ရဲဘော်များ၏ ချစ်ခင်လေးစားမှုကို အပြည့်အဝ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် စစ်ရေး တာဝန်များကို ထမ်းဆောင်ရင်း၊ မိမိဝါသနာ ပါသည့် အနုပညာမှာလည်း ဂီတာတီးခတ်ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ သူ့ကို အများက မှတ်မိနေစေတဲ့ အဓိက အချက်ကတော့ သူ၏စစ်ရေး တာဝန် ပြင်ပ အချိန်များ၌ အမြဲလိုလို ပြုံးပြုံးရွှင်ရွှင်နေတတ်ခြင်းသည် သူ့ရဲ့ ရဲဘော်တွေက ချစ်ခင်ရတဲ့ အချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါသည်။...

အထူးဝမ်းနည်းကြေကွဲခြင်း

ကိုသက်စိုးလွင် ( ပြည်သူ့ဂုဏ်ရည်အသင်း- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) Melbourne (Australia) ဌာနခွဲ; NLD (LA) (ဖေဖော်ဝါရီ – ၁၃ ရက် ၂၀၂၄ ခုနှစ်) တွင် ကွယ်လွန်၊ ကိုသက်စိုးလွင် ( ၅၉...

Interview with Citizen of Burma Award 2023 Winner U Kyaw Moe Tun

၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ  မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640...

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ရက်စွဲ – ၂၀၂၃ ခုနှစ် မေလ ၆ ရက် ၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏...

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂ ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂ အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။...

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို...

Ceremonies