ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂
ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂

အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။

တဖက်တွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံရင်း တတိယနိုင်ငံများသို့ သွားခွင့်ရရှိရေးအတွက် ကြိုးစားလာကြသော တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည် ပြည်သူများ တိုးပွားလျက်ရှိလာခဲ့ပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည် အသင်းကြီးက တစုံတရာ ဝေဖန်မှုပြုမည် မဟုတ်ပါ။

ထို့အတူ နိုင်ငံရပ်ခြားထွက်ခွာရန်အတွက်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UNHCR) တွင် ဒုက္ခသည် လျှောက်ထားခြင်းအတွက်ဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ပါဝင် ပတ်သက်မည် မဟုတ်ပါ။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ သဘောတူညီချက် မရှိဘဲ အသင်းအမည်နှင့် ရုံးသုံး စာရွက်စာတမ်းများ အသုံးပြုပြီး ထောက်ခံစာရေးသားပေးခြင်း၊ အာမခံချက် ပေးခြင်းတို့ကို အခကြေးငွေယူငင် လုပ်ဆောင်နေသည့် ကိစ္စရပ်များ ပေါ်ပေါက်နေကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် ဌာနဆိုင်ရာများသို့ တိုက်ရိုက်ဆက်သွယ်၊ အကြောင်းကြားသွားမည် ဖြစ်သလို ထိုအမှုကို ဆက်လက် ကျူးလွန်နေသူများအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားသက်သက်ကိုသာ ရှေ့ရှု မျက်နှာမူခဲ့သော ပြည်သူ့ဂုဏ်ရည်၏ အစဉ်အလာအတိုင်း၊ မိမိတို့ အသင်းဝင်ဌာနခွဲများ၏ ဂုဏ်သိက္ခာကို “နွေဦးတော်လှန်ရေးကြီး” က မှတ်ကျောက်တင်လျက် ရှိပါကြောင်း ထပ်လောင်း တင်ပြအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ