Skip to content

ဝမ်းနည်းကြေကွဲခြင်း

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၆ ခုနှစ်။

ဝမ်းနည်းကြေကွဲခြင်း

ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒိန်းမတ်ဌာနခွဲ တာဝန်ခံ မဝင်းဝင်းဌေး (ခ) မပို ၏ ခင်ပွန်း၊ ကိုသောင်းရွှေ (ခ) ကိုမိုက်ကယ်၊ အသက် (၆၉) နှစ်သည် အသည်းကင်ဆာ ရောဂါဖြင့် ဒိန်းမတ်နိုင်ငံ၊ Esbjerg မြို့ရှိ Hospice ဆေးရုံတွင် ကွယ်လွန် အနိစ္စရောက်ရှိ သွားကြောင်း ကြားသိရသည့်အတွက် ပြည်သူ့ဂုဏ်ရည် အသင်းမှ အထူးဝမ်းနည်း ကြေကွဲရပါသည်။

ကွယ်လွန်သူ ကိုသောင်းရွှေ (ခ) ကိုမိုက်ကယ် နှင့် ဇနီးမဝင်းဝင်းဌေး (ခ) မပိုတို့သည် မြန်မာနိုင်ငံ အကျိုးအတွက် အစဉ်တစိုက် ရဲရဲရင့်ရင့် ရပ်တည်ခဲ့၊ ပေးဆပ် ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြပြီး၊ ဤကြီးမားသော ဆုံးရှုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကွယ်လွန်သူ၏ ကောင်းမွန်သော အမှတ်တရများသည် မိသားစုနှင့် မိတ်ဆွေများ၏ ရင်ထဲတွင် အစဉ်အမြဲ ရှင်သန်ကျန်ရစ်နေမည်ဖြစ်ပါသည်။

ကျန်ရစ်သူ မိသားစုဝင်များအားလုံး ဤဝမ်းနည်းဖွယ်အချိန်ကာလကို ကြံ့ကြံ့ခံ ကျော်ဖြတ် နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း။

Donate Us

Contact admin in need : admin@citizenofburmaaward.org