အမျိုးသားညီညွတ်ရေး အစိုးရသစ်ကို လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်း ကြေငြာခြင်း

ယနေ့ဖွဲ့စည်းလိုက်သော “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာ သည့် ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားရန် “အဖြေ” ဖြစ်သည်ဟု ကျွနု်ပ်တို့ယုံကြည်သည်။ 

အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုးမည့် “ပြည်ထောင်စုတပ်မတော်” နှင့်အတူ နိုင်ငံ၏အနာဂတ်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှရှိခြင်းတို့ကို အပြည့်အဝ ဖော်ဆောင်နိုင်မည့် ပြည်ထောင်စုအစိုးရအဖြစ် ရှုမြင်သည်။ 

ပြည်သူလူထုတရပ်လုံးအားကိုယ်စားပြုသည့် “အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့” (National Unity Government) ကို အဝေးရောက် တိုင်းရင်းသားများနှင့် စုစည်းထားသည့် “ပြည်သူ့ဂုဏ်ရည်အသင်းကြီး”က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆို လိုက်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ဂုဏ်ရည်အသင်းက ဦးလည်မသုန်၊ လိုက်နာ ဆောင်ရွက်သွားမည်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ပြည်သူ့ဂုဏ်ရည်ဌာနခွဲအသီးသီးက လူအား၊ ငွေအား၊ အကြံဉာဏ်အားများဖြင့် ပူးပေါင်း၊ ပါဝင်၊ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း 
www.citizenofburmaaward.org

Chapters: Albany, Arizona, Boston, Buffalo, Canada, Chiang Mai, Chicago, Colorado, Denmark, Dubai, Florida, Fort Wayne, France, Hawaii, Japan, Korea, Las Vegas, Los Angeles, Mae Sot, Maryland, Melbourne, New Mexico, New York, New Zealand, Norway, Ohio, Pittsburgh, San Diego, San Francisco, Seattle, Singapore, Sweden, Sydney, Utica, UK and Wisconsin

Support NUG
Support NUG