[cmsms_row][cmsms_column data_width=”1/1″][cmsms_text]

နေ့စွဲ – ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း တင်သွင်းခြင်းကို စတင်လက်ခံနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ မည်သူမဆို ဆန္ဒပြုနိုင်ပါသည်။
လက်ခံရရှိသော အမည်စာရင်းများမှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလအတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။
အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင် ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုပွဲကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။Read More »တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း