၂၀၁၁ ခုနှစ် ပဏာမ စာရင်းဝင်များ

(၁) ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း)
၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းဒဏ်သင့်ပြည်သူများအား စွမ်းစွမ်းတမံ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအား မီဒီယာများမှတဆင့် ပွင့်လင်းစွာ ရှင်းပြပြောဆိုခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူဖြစ်သည်။

(၂) အရှင်ဇေယျာပဏ္ဏိတ(မိုးညှင်းသိင်္ဂီကျောင်းတိုက် / ပိုင်းလော့ဆရာတော်) တောင်ဒဂုံမြို့သစ်၊ ရန်ကုန်မြိ့ု။
နာဂစ်မုန်တိုင်းအပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင်ကျေးရွာများအတွက် ဦးဆောင်ကူညီမှုများ ပေးခဲ့သည်။

(၃) အရှင်ဉာဏိဿရ (သီတဂူ/သပိတ်အိုင်) ဆရာတော်
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပါအဝင်၊ ၁၉၈၀ ခုနှစ်များ ကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း အခြေပြုပြီး သောက်သုံးရေ၊ ဆေးကုသမှု၊ သံဃာတော်များပညာရေးနှင့် လူမှုလုပ်ငန်းများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ဆရာတော်ကြီး ဖြစ်သည်။

(၄) နာရေးကူညီမှုအသင်း၊ ရန်ကုန်မြို့
နာရေးလုပ်ငန်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ကယ်တင်ရေးလုပ်ငန်း၊ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာကြည့်တိုက်၊ လူငယ်ဖွံ့ဖြိုးရေး စေတနာ့ဝန်ထမ်းလုပ်ငန်းများနှင့် အခြားလူမှုရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်။

(၅) အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်း)
ဘုန်းတော်ကြီးကျောင်းအခြေပြုနေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် လူဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။

(၆) ဒေါက်တာနေဝင်း
နာဂစ်မုန်တိုင်းဒဏ်ခံ ဘိုကလေးမြို့နယ်အတွင်း လူသေအလောင်းများ ကောက်ယူသဂြိၤုဟ်ပေးခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

(၇) ဒေါ်ဖြူဖြူသင်း (တောင်ဒဂုံ HIV Center တာဝန်ခံ)
လူနာများ၏လိုအပ်ချက်များကို အခက်အခဲများကြားမှ ရဲရင့်စွာထုတ်ဖော်ပြောဆို လှုပ်ရှားဆောင်ရွက် နေသော အဖွဲ့၏ဦးဆောင်တာဝန်ခံဖြစ်သည်။

(၈) ဗြဟ္မစိုရ်အသင်း (မန္တလေး နာရေးကူညီမှုအသင်း)
မန္တလေးမြိ့ု၏ နာရေးကိစ္စများကို အခမဲ့ကူညီနေသော လူမှုရေးအဖွဲ့ဖြစ်သည်။

(၉) ဦးမြင့်အေး (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ)
လူ့အခွင့်အရေးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အသက်အန္တရာယ်ကြားမှ ကျေးလက်များ အထိ ကွင်းဆင်း စွန့်စားဆောင်ရွက်သူဖြစ်သည်။

(၁၀) မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ (ရန်ကုန်မြို့)
အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူလုပ်ဆောင်ပေးနေသည်။

(၁၁) ရခိုင်သဟာရအသင်းကြီး (ရန်ကုန်မြို့)
နှစ်စဉ်သဘာဝဘေး ဒဏ်ခံနေရသော ရခိုင်ဒေသတွင် ကယ်ဆယ်ရေး၊ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။

(၁၂) ဒေါ်ရှု
၂၀၀၇ စက်တင်ဘာသံဃာ့အရေးအခင်းကြောင့်အကျဉ်းကျခံနေရသော ထောင်ဝင်စာတွေ့မည့်သူမရှိသည့် သံဃာတော်များနှင့် သီလရှင်များကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် မိသားစု၏ စိတ်ပူပင်မှုများ နှင့် အာဏာပိုင်များ၏ဖိအားပေး နှောင့်ယှက်မှုများကြားမှ လုပ်ကိုင်နေသူဖြစ်ပါသည်။

(၁၃) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက် ရှေ့နေ)
နိုင်ငံရေးအမှုအခင်းများကို အခမဲ့လိုက်ပါ အကျိုးဆောင်ပေးရန် ဥပဒေကျောင်းသား လူငယ်များကို စည်းရုံး စုစည်းလျက် Myanmar Youth Law Firm ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အမှုလိုက် အကျိုးဆောင်ပေးခဲ့သည်။ ရဲရဲရင့်ရင့် ခုခံအကျိုးဆောင်ပေးတတ်သူ ဖြစ်သည့် ဦးဖိုးဖြူ ကိုယ်တိုင်လည်း တရားရုံးကို မထီမဲ့မြင်ပြုမှု အကြောင်းပြချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

(၁၄) ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှုအသင်း
မိတ္ထီလာမြို့နယ်တွင်း မိသားစုများ၏ နာရေးကူညီမှုကို ဆောင်ရွက်ပေးနေသည့်အပြင် ဝါတွင်းကာလတိုင်း သံဃာတော်များ၏ နေ့စဉ်ဆွမ်းကိုလှူဒါန်းနေသည်။

(၁၅) ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့ (ရွှေဘိုမြိ့ု၊ စစ်ကိုင်းတိုင်း)
HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည်။

(၁၆) လူမှုအထောက်အကူပြုအဖွဲ့ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများကို လစဉ် ထောက်ပံ့ကူညီ အားပေးခြင်းများ ပြုလုပ်နေသည့် အဖွဲ့ကြီးဖြစ်ပါသည်။

(၁၇) သုခရိပ်မြုံ- HIV ကူးစက်ခံမိဘမဲ့လေးများ ဂေဟာ
HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များကို လိုအပ်သည့် ဆေးဝါးများပုံမှန်တိုက်ကျွေးကာ အလှည့်ကျ ဆရာဝန်များ သူနာပြုများနှင့် ပြုစုပေးနေသလို ပညာသင်ကြားပေးရာနေရာတစ်ခုဖြစ်သည်။

(၁၈) အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်)
တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသည့် ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင် လုပ်ငန်းဖြင့် အထွေထွေ လူမှုလုပ်ငန်းများ လုပ်ဆောင်နေသည်။

(၁၉) အရှင်အာစိဏ္ဏ တေဇာရာမ ဘုန်းတော်ကြီးသင်ကျောင်း
အခြေခံအလုပ်သမားလူတန်းစားမိသားစုများ၏ နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံ မူလတန်းကျောင်းများကိုတည်ထောင်ပြီး မိမိပတ်ဝန်းကျင်ရှိ ကလေးသူငယ်များကို ပိုမိုကောင်းမွန်သော ဘဝများသို့ရောက်ရှိ စေရန်ကူညီပံ့ပိုးပေးခဲ့သူ။

(၂၀) MAS မှ ဝန်ထမ်းများ
NGO အဖွဲ့အစည်း ၃ ခုမှ စေတနာ့ဝန်ထမ်း ၁၀၅ ဦးကို ဖွံ့ဖြိုးမှုနှေးကွေးပြီး ဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသများသို့စေလွှတ်ကာ ဒေသခံတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေသဘောထားများကို ငွေကြေးနှင့်ရုပ်ဝတ္ထုအကူအညီမပါဘဲ၊ ပညာပေး လုပ်ငန်းများဖြင့် ကြိုးစားပြုပြင်တည်ဆောက်ယူနိုင်ခဲ့ကြသည်။

မှတ်ချက် ။ ။ အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားခြင်းဖြစ်ပါသည်။