ပညာပေး ဟောပြောပွဲ ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနား ဌာနခွဲကျင်းပ

ဒေါ်ဆွေဇင်ထိုက်၏ ‘မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းများဆိုင်ရာ နည်းပညာ’ ပညာပေးဟောပြောပွဲနှင့် ပြည်သူ့ဂုဏ်ရည်အကြောင်း ရှင်းလင်းတင်ပြပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ Imagine School at Cortez Park ကျောင်းတွင် ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့သည်။...

၂၀၁၁ ခုနှစ် ပဏာမ စာရင်းဝင်များ

(၁) ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း) ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းဒဏ်သင့်ပြည်သူများအား စွမ်းစွမ်းတမံ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအား မီဒီယာများမှတဆင့် ပွင့်လင်းစွာ ရှင်းပြပြောဆိုခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူဖြစ်သည်။ (၂)...

ဒေါ်ဆွေဇင်ထိုက် နှင့် ဆွေးနွေးပွဲ ပြည်သူ့ဂုဏ်ရည် နယူးယောက်ဌာနခွဲ ကျင်းပ

မြန်မာပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ရင်ဆိုင်ရသည့် အခက်အခဲများ၊ လိုအပ်ချက်များ အပါအဝင် ပြည်တွင်း လူထုကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အကြောင်း ဒေါ်ဆွေဇင်ထိုက်နှင့် ဆွေးနွေးပွဲ တရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က...

ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ၂၀၁၁ခုနှစ်-ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်း

ဒေါ်ရှု ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်း ပြည်သူ့ဂုဏ်ရည်အသင်းမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများအား ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက အသင်းကိုယ်စား ရေဘေးသင့်ဒေသသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သည်။ ဒေါ်ရှု သည် ပခုက္ကူဒေသသို့ နိုဝင်ဘာလ ၁၁...

ပြည်သူ့ဂုဏ်ရည် ဂျပန်ဌာနခွဲ စည်းရုံးရေးလှုပ်ရှားမှုများ ပြုလုပ်

ယခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲအနေဖြင့် စည်းရုံးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်)မှ ဦးစီးပြုလုပ်သည့် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်၌ မြန်မာအသိုင်းအဝိုင်းရှိ...

ပြည်သူ့ဂုဏ်ရည်အသင်း ကိုရီးယားဌာနခွဲ ဖွဲ့စည်း

ပြည်သူ့ဂုဏ်ရည်အသင်းအနေဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း၌သာမက အခြားနိုင်ငံများရှိ စိတ်ပါဝင်စားသူ မြန်မာမိတ်ဆွေများအား ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ ယခုနှစ်အတွင်း တောင်ကိုရီးယားအပါအဝင် တိုင်းပြည်အချို့ စတင် ပါဝင် လာခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများက ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ကို...