တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း တင်သွင်းခြင်းကို စတင်လက်ခံနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ မည်သူမဆို ဆန္ဒပြုနိုင်ပါသည်။
လက်ခံရရှိသော အမည်စာရင်းများမှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလအတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။
အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင် ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုပွဲကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။

၁။ ကိုအေးမြင့် (အရီဇိုးနား)
၂။ ကိုထိန်လင်း (ဆန်ဖရန်စစ္စကို)
၃။ ကိုကျော်ဝဏ္ဏ (လော့စ်အိန်ဂျလိစ်)
၄။ ဦးကိုလေး (လော့စ်အိန်ဂျလိစ်)
၅။ မပန်းဖြူမွှေး (ယူနိုက်တက်ကင်းဒမ်း)
၆။ မသိင်္ဂီ (နယူးယောက်)
၇။ ကိုတင်မောင်အေး (နယူးယောက်)
၈။ ကိုထွန်းအောင်ကျော် (ဂျပန်)
၉။ ကိုထွန်းထွန်း (အော်ရီဂွန်)
၁၀။ ကိုဝေလ (နယူးယောက်)
၁၁။ ကိုဝင်းမြင့်ဦး (ကိုရီးယား)
၁၂။ ကိုဝင်းသူအောင် (လက်စ်ဗေးဂတ်)

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းအပါအဝင် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆