ပြည်သူ့ဂုဏ်ရည် ဘတ်ဖလိုး ဌာနခွဲ ပြန်လည်ဖွဲ့စည်း

ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုး ဌာနခွဲအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ရှိ အဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေး၌ ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုးဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပုံနှင့်အညီ ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဘတ်ဖလိုး ဌာနခွဲတာဝန်ခံအဖြစ် မကြူကြူမာ ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် မသီသီအောင် ကို အဆိုပြုရွေးချယ်ခဲ့ကြသည်။
ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ဘဏ္ဍာရေးကော်မတီ

  • မမူမူစိုး (တာဝန်ခံ)
  • ဒေါ်သန်းနွယ် (အဖွဲ့ဝင်)
  • မမူရိုစာ (အဖွဲ့ဝင်)

စာရင်းစစ်ကော်မတီ

  • မဝင်းလဲ့ရွှေရည် (တာဝန်ခံ)

  • မအေးအေးခိုင် (အဖွဲ့ဝင်)
  • မဝင်းမာထွန်း (အဖွဲ့ဝင်)


ပြန်ကြားရေးကော်မတီ

  • မသီသီအောင် (တာဝန်ခံ)
  • မမုနော် (အဖွဲ့ဝင်)
  • စည်းရုံးရေးကော်မတီ
  • မကြူကြူမာ (တာဝန်ခံ)
  • ဇူလိုင်မိုးဦး (အဖွဲ့ဝင်)