ကာရာအိုကေ အဆိုပြိုင်ပွဲ အယ်အေတွင် ကျင်းပမည်

ပြည်သူ့ဂုဏ်ရည်အသင်း ရန်ပုံငွေပွဲအဖြစ် “ကာရာအိုကေ အဆိုပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာ အစားအသောက် ဈေးပွဲတော်” ကို ပြည်သူ့ဂုဏ်ရည်အသင်း လော့စ်အိန်ဂျလိစ်ဌာနခွဲက မတ်လ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါပွဲကို Monterey Park ရှိ အောင်ဇေခန်းမ တွင် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် နီနီဝင်းရွှေ၊ ကချင် ဗီဒီယိုမင်းသမီး Maureen Seng Mai၊ ရေဒီယိုအဆိုတော်များဖြစ်သည့် ကိုတင်ထွဋ်၊ ကိုအောင်မျိုးခင်၊ BBS ဂီတပညာရှင်များဖြစ်သည့် Rickey Zaw နှင့် Brian Tiu တို့က အမှတ်ပေးဒိုင်များအဖြစ် ကူညီဆောင်ရွက်ပေးကြမည် ဖြစ်သည်။
အသေးစိတ်သိလိုပါက ဦးကိုလေး (၆၂၆ – ၃၈၃ ၆၉၀၁)၊ ကိုကျော်ဝဏ္ဏ (၆၂၆ – ၄၇၈ ၇၇၁၇)၊ မနီလာစိန် (၆၂၆ – ၅၀၆ ၉၆၀၇)၊ Monica Yeo (၆၂၆ – ၃၄၈ ၆၅၄၈)၊ ကိုဘိုဘို (၆၂၆ – ၆၁၀ ၅၀၅၄) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။