ဦးအေးမြင့် (အရီဇိုးနား ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး (၂၀၁၆-၂၀၁၉)

ဦးအေးမြင့် (အရီဇိုးနား ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး (၂၀၁၆-၂၀၁၉)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး (၂၀၁၆-၂၀၁၉)

အဖ ဦးအေးမောင်နှင့် အမိ ဒေါ်ကြူတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အ.ထ.က(၁) ဒဂုံ မှ ၁၉၇၅ ခုတွင် အထက်တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။
၁၉၈၄ မှ ၁၉၈၈ ထိ ရန်ကုန်မြို့ရှိ မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ နှစ်လယ် မှ ၁၉၉ဝ ခု နှစ်လယ်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နေထိုင်ခဲ့သည်။ ၁၉၉ဝ ပြည့် နှစ်လယ်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခဲ့သည်။
TRW Vehicle Safety Systems စက်ရုံ၊ အရီဇိုးနား ပြည်နယ်အစိုးရ စိုက်ပျိုးရေး ဓာတုဗေဒ ဓာတ်ခွဲခန်း၊ Flip Chip ဆဲမီကွန်ဒပ်တာစက်ရုံ၊ Intel Corporation ဆဲမီကွန်ဒပ်တာ စက်ရုံ စသည်တို့တွင် အလုပ်လုပ်ခဲ့သည်။
ယခုအခါတွင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် နေထိုင်လျက်ရှိပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အရီဇိုးနားဌာနခွဲ တာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက် လျက်ရှိသည်။