ဦးကိုလေး ခေါ် ဦးတင်မောင်လေး (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၆-၂၀၁၈ )

ဦးကိုလေး ခေါ် ဦးတင်မောင်လေး (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၆-၂၀၁၈ )

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၆-၂၀၁၈)

ရခိုင်ပြည်နယ် သံတွဲမြို့ ဇာတိ ဖြစ်ပြီး စိတ်ပညာ နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့သည်။
၁၉၇၈ မှ ၁၉၈၈ အထိ တပ်မတော်လေတပ်တွင် စက်မှုစစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈ အရေးအခင်း ကာလအတွင်း ပြည်သူများဘက်မှ ရပ်တည်ကာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့သည်။
၁၉၈၈ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်သို့ ရှောင်တိမ်းကာ စစ်ကျွန်ဘဝရောက် မြန်မာပြည် လွတ်လပ်ရေး အတွက် ၁၉၉၁ အထိ ကြိုးပမ်းခဲ့သည်။ ၁၉၉၁ မှ ၁၉၉၃ အထိ နိုင်ငံရေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခိုလှုံခဲ့သည်။
၁၉၉၃ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Powell Flutes Company တွင် လက်မှုပညာသည်အဖြစ် ၂၀၀၂ အထိ အသက်မွေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ထိုင်းအမျိုးသမီး Bupha Promsit (ak) Mam နှင့် လက်ထပ်ခဲ့သည်။
၂၀၀၂ ခုနှစ်အတွင်း ဗားမောင့်ပြည်နယ် စိန့်အော်လ်ဘန်မြို့သို့ ပြောင်းရွှေ့ကာ SCC ကြွေထည်စက်ရုံတွင် စက်မှုပညာသည်အဖြစ် ၂၀၀၅ အထိ လုပ်ကိုင်အသက်မွေးခဲ့သည်။
၂၀၀၅ တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့ကာ UPRR မီးရထားခေါင်းတွဲ ပြင် ဌာန၌ လျှပ်စစ်ပညာသည်အဖြစ် အသက်မွေးလျက်ရှိသည်။ ဝါသနာမှာ စာပေ၊ ဂီတ နှင့် လူမှုအကျိုးပြု လုပ်ငန်းများ ဖြစ်သည်။
၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။