Skip to content

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂၀၁၃)

ကြေညာချက်အမှတ် (၁/၂၀၁၃) နေ့စွဲ – ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက် မြန်မာပြည်တွင်း၌ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူများကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများက ကျေးဇူးတင်ဂုဏ်ယူဝမ်းသာပါကြောင်းဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် အမည်စာရင်းတင်သွင်းခွင့်ကိုကန့်သတ်မထားဘဲ အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး နောက်ဆုံး ဆန်ခါတင်ငါးဦးကို အင်တာနက်မှဆန္ဒမဲများခံယူသည့် ပုံစံကိုအသုံးပြုရွေးချယ်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ယခုနှစ် ၂၀၁၃ ခုနှစ်မှ စတင်၍ အင်တာနက်မှ ဆန္ဒမဲများခံယူသည့်ပုံစံအစား အမည်စာရင်းတင်သွင်းခံရသူများကို ပြည်သူ့ဂုဏ်ရည်အသင်းခွဲများတည်ရှိရာ ဌာနခွဲ အသီးသီးမှ စိစစ်ရွေးချယ်သည့်ပုံစံအဖြစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာတွင် မည်သူမဆို ပြည်သူ့ဂုဏ်ရည်ဆုအတွက် အကန့်အသတ်မရှိ အမည်စာရင်းတင်သွင်းနိုင်ပါသည်။ အမေရိကန်ဒေါ်လာ

Read More »

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ သတင်းထုတ်ပြန်ကြေညာခြင်း (၂/၂၀၁၂)

[cmsms_row][cmsms_column data_width=”1/1″][cmsms_text] ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံအတွင်းမှဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ် ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ဟူသော ရည်ရွယ်ချက်အတိုင်း ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Read More »

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ သတင်းထုတ်ပြန်ကြေညာခြင်း (၁/၂၀၁၂)

[cmsms_row][cmsms_column data_width=”1/1″][cmsms_text] ၂၀၁၂ ခုနှစ်၊ စက်တဘာၤလ (၁၂)ရက်ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ဖွဲ့စည်းလှုပ်ရှားခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရည်ရွယ်ချက်ဖြစ်သော မြန်မာနိုင်ငံအတွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေး သူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ဆိုသည့်အတိုင်း တစိုက်မတ်မတ်ဖြင့် ကိုရီးယားဌာနခွဲအဖွဲ့ဝင်များ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ လုပ်ငန်းစဉ်များအတိုင်း ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာလူမှု အသိုင်းအဝိုင်းတွင် ကျင်းပပြုလုပ်သော ပွဲတော်များ၌ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုငွေတွင် မြန်မာနိုင်ငံသားတို့၏ ချွေးနဲစာများ ဂုဏ်ပြုချီးမြှင့်ငွေ၌ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် အလှူငွေများ ကောက်ခံခြင်း တို့ကိုလည်း လုပ်ဆောင်လျက်ရှိနေပါသည်။ ထိုချွေးနဲစာ လုပ်အားငွေများဖြင့် ၂၀၁၁ ခုနှစ်တွင် ပခုက္ကူ ရေဘေး

Read More »

ပြည်သူ့ဂုဏ်ရည်အသင်း (ဖလော်ရီဒါ) က ရခိုင်ဒေသကူညီရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာ

[cmsms_row][cmsms_column data_width=”1/1″][cmsms_text] မြန်မာပြည်ရခိုင်ဒေသရှိလူထု၏ လတ်တလောဒုက္ခရောက်နေမှုများကိုကူညီရေးအစီအစဉ်မြန်မာပြည်အနောက်ဘက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင်အဓိကရုဏ်းများကြောင့် ဒေသတွင်းရှိမိသားစုများမှာ အိုးအိမ်များစွန့်ခွာကြ ရပြီး၊ စားဝတ်နေရေး၊ ကျန်းမာရေးစသည့်အမျိုးမျိုးသောဆင်းရဲဒုက္ခများရောက်လျက်ရှိကြသည်ကို အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများအားလုံး သိရှိကြပြီးဖြစ်သည်ဟုယုံကြည်ပါသည်။ ထိုသို့ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြသော ရခိုင်ဒေသရှိ လူထုများကို မည်သူမဆို ဂရုဏာထား လှူဒါန်းကူညီနိုင်ကြပါသည်။

Read More »

ကျေးဇူးတင်ရှိပါကြောင်း ကြေညာခြင်း

ကျေးဇူးတင်လွှာ ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံးဆန်ခါတင် စာရင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံတွင် ၂၀၁၂ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ ဤအခမ်းအနားဖြစ်မြောက်ရေးတွင် ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ပြီးပြည့်စုံအောင် ဦးဆောင်စည်းရုံးခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်၊ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း စာတည်းချုပ်ဦးဝင်းငြိမ်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ နောက်ဆုံးဆန်ကာတင်ငါးဦး စာရင်းဝင်များဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့မှ ဦးဝင်းထိန်၊ သုခရိပ်မြုံ လူငယ်ပရဟိတဂေဟာမှ စာရေးဆရာမဒေါက်တာစုထား၊ နာရေးကူညီမှုအသင်း-ရန်ကုန်၏ ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ အလုပ်သမားလယ်သမား အကျိုးဆောင်ရှေ့နေ ဦးဖိုးဖြူ၊ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်

Read More »

ပြည်သူ့ဂုဏ်ရည်အသင်း စင်္ကာပူဌာနခွဲ ဖွဲ့စည်း

ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံတို့ကို သဘောတူနှစ်သက်သဖြင့် စင်္ကာပူနိုင်ငံရှိ မိတ်ဆွေများက ‘စင်္ကာပူ ဌာနခွဲ’ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မေလ ၁၉ ရက်နေ့က လမ်းပြကြယ်စာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် စင်္ကာပူဌာနခွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအတိုင်း ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စင်္ကာပူ ဌာနခွဲတာဝန်ခံအဖြစ် ကိုညီညီမျိုး ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ဦးဘိုဘိုဝင်း ကို ရွေးချယ်ခဲ့ကြသည်။ ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဘဏ္ဍာရေးကော်မတီ မခိုင်ခိုင်စိုး မခင်စန္ဒာ စာရင်းစစ်ကော်မတီ မခိုင်ခိုင်စိုး ပြန်ကြားရေးကော်မတီ ကိုစည်သူ ကိုပိုင်မင်းဦး စည်းရုံးရေးကော်မတီ ကိုညီညီမျိုး ကိုဇော်ညီညီဦး

Read More »

Donate Us

Contact admin in need : admin@citizenofburmaaward.org