

၂ဝ၁၅ -၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း
သတင်းထုတ် ပြန်ချက် – ဗ/၁/၂ဝ၁၅ ရက်စွဲ။ ။ဇူလိုင်လ ၃၁ ရက် သောကြာနေ့၊ ၂ဝ၁၅ ၂ဝ၁၅ -၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံ အခြေခံမူနှင့်စည်းမျဉ်းများကို အခြေခံ၍ ဇူလိုင်လ ၁၉ရက်၊ တနင်္ဂနွေ နေ့တွင် ဌာနခွဲ အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၂ဝ၁၅ – ၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် အသင်း၏ ဗဟိုအလုပ် အမှုဆောင်အဖ့ွဲကို ဖွဲစည်းခဲ့ပါသည်။ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်မည့် တာဝန်ခံများအား ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့၊ ၂ဝ၁၅
ဥက္ကဋ္ဌ ဦးကျော်သူ ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း
၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူ ၂၀၁၅ ခုနှစ် အတွက်ပေးအပ်သည့် အာရှနိုဘယ်လ်ဆု ဟု ခေါ်ဆို ကြသော ‘ရေမွန်မက်ဆေးဆေး’ ဆု (Ramon Magsaysay Award) ရရှိကြောင်း သိရှိရပါသည်။ အထွေထွေ လိုအပ်ချက် များ ပြည့်နှက်နေသည့် မြန်မာတိုင်းရင်းသား ပြည်သူများအတွက် တတ်စွမ်းသမျှဖြည့်ဆည်းဆောင်ရွက်နေသူ လူမှုသူရဲကောင်း ဦးကျော်သူ ယခုကဲ့သို့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည်အသင်းကလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ ။ ပြည်သူ့ဂုဏ်ရည်အသင်း
ပြည်သူ့ဂုဏ်ရည်အသင်း ကိုလိုရာဒိုပြည်နယ် ဌာနခွဲ ဖွဲ့စည်း
[cmsms_row][cmsms_column data_width=”1/1″][cmsms_text]