Skip to content

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၉)

  အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်ကြေညာချက်အမှတ် (၁/၂ဝ၁၉)နေ့စွဲ – ၂ဝ၁၉ ဖေဖော်ဝါရီလ ( ၄ ) ရက် မြန်မာပြည်တွင်း၌လူမှုရေးလုပ်ငန်းများကိုစွမ်းစွမ်းတမံကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများကို အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများက ကျေးဇူးတင် ဂုဏ်ယူ ဝမ်းသာပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည် ဆုဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ၂ဝ၁၉ ခု ပြည်သူ့ဂုဏ်ရည်ဆု အတွက်… မြန်မာပြည်တွင်းနေထိုင်လျက်တိုင်းရင်းသားပြည်သူတို့အတွက်လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့်ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သော၊ လူ့ဘောင်လောက နှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့်၊ လူချွန်လူမွန်များကို အမည်စာရင်း တင်သွင်းခြင်းဖြင့် ဂုဏ်ပြုနိုင်ပါသည်။ ၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းကို

Read More »

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားသော ဆုတံဆိပ်များ ရုပ်သိမ်းနေမှုများနှင့်ပတ်သက်၍ သဘောထားကြေညာချက် ကြေညာချက်အမှတ် ၆/၂ဝ၁၈

[cmsms_row][cmsms_column data_width=”1/1″][cmsms_text] လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားသော ဆုတံဆိပ်များ ရုပ်သိမ်းနေမှုများနှင့်ပတ်သက်၍ သဘောထားကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၁၈ရက်စွဲ – ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်ပြီး ဒီမိုကရေစီအရေး ထောက်ခံအားပေးသော မိတ်ဆွေနိုင်ငံများ၊ အသင်းအဖွဲ့များက ဒေါ်အောင်ဆန်း စုကြည်ကို လေးစားဂုဏ်ယူဖွယ်ရာဆုများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြပါသည်။ ထိုသို့ချီးမြှင့်ခြင်းများမှာ မြန်မာပြည်သူတရပ်လုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီအရေးအတွက် ခုခံတော်လှန်ခြင်းသင်္ကေတအဖြစ် ဂုဏ်ပြုအပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု ခံယူပါသည်။ဆိုးရွားသော စစ်အာဏာရှင်စနစ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူလူထုအားလုံး ရာစုနှစ် ထက်ဝက်မျှ ရင်ဆိုင်ခံစားခဲ့ကြရသည့် လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား မိတ်ဆွေနိုင်ငံများ၊ အသင်း အဖွဲ့များ အနေဖြင့် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ကာ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ချက်များ အတွက်

Read More »

“ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ်ကို ကြေညာခြင်း”

သြဂုတ်လ ၁၉ ရက် ၂၀၁၈ ခုနှစ် (တနင်္ဂနွေနေ့) ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ အစည်းအဝေးတက်ရောက်သည့်/မဲပေးခွင့်ရှိသည့် ဗဟိုအလုပ်အမှုဆောင်များ၏ ရာနှုန်းပြည့် မဲဖြင့် ဦးထိန်လင်း (ဗဟိုအလုပ်အမှုဆောင် ပြည်သူ့ဂုဏ်ရည်အသင်း- ဆန်ဖရန်စစ္စကို ဌာနခွဲ/ CEC CoBA San Francisco Chapter)- ကို ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ် အဖြစ် အတည်ပြုကြောင်း ကြေညာ အပ်ပါသည်။

Read More »