ပြည်သူ့ဂုဏ်ရည် ဘတ်ဖလိုး ဌာနခွဲ ပြန်လည်ဖွဲ့စည်း
[cmsms_row][cmsms_column data_width=”1/1″][cmsms_text] ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုး ဌာနခွဲအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ရှိ အဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း
[cmsms_row][cmsms_column data_width=”1/1″][cmsms_text] နေ့စွဲ – ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း တင်သွင်းခြင်းကို