ကျေးဇူးတင်ရှိပါကြောင်း ကြေညာခြင်း

ကျေးဇူးတင်လွှာ
ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံးဆန်ခါတင် စာရင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံတွင် ၂၀၁၂ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။
ဤအခမ်းအနားဖြစ်မြောက်ရေးတွင် ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ပြီးပြည့်စုံအောင် ဦးဆောင်စည်းရုံးခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်၊ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း စာတည်းချုပ်ဦးဝင်းငြိမ်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ နောက်ဆုံးဆန်ကာတင်ငါးဦး စာရင်းဝင်များဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့မှ ဦးဝင်းထိန်၊ သုခရိပ်မြုံ လူငယ်ပရဟိတဂေဟာမှ စာရေးဆရာမဒေါက်တာစုထား၊ နာရေးကူညီမှုအသင်း-ရန်ကုန်၏ ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ အလုပ်သမားလယ်သမား အကျိုးဆောင်ရှေ့နေ ဦးဖိုးဖြူ၊ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းကိုယ်စား နာရေးကူညီမှုအသင်း-ရန်ကုန်၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဘိက္ခုမာတာဒေါ်ရှု၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုတက်ရောက် ချီးမြှင့်ခဲ့ကြသူများ၊ ပုဂ္ဂလိက တက်ရောက်ချီးမြှင့်ခဲ့ကြသူများ၊ သတင်းနှင့် စာနယ်ဇင်းအသီးသီးမှ တက်ရောက်ချီးမြှင့်ခဲ့ကြသူများ၊ အခမ်းအနား အောင်မြင်ပြီးမြောက်စေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသူများနှင့် အခမ်းအနားကျင်းပနိုင်ရန် နေရာပေးကူညီခဲ့ကြသည့် တော်ဝင်နှင်းဆီခြံနှင့် ဝန်ထမ်းများအားလုံးကို ပြည်ပရောက် မြန်မာမိသားစုများကိုယ်စား ပြည်သူ့ဂုဏ်ရည်အသင်းမှ ဝမ်းမြောက်ဂုဏ်ယူစွာ ကျေးဇူးတင်ရှိပါကြောင်း။