ပြည်သူ့ဂုဏ်ရည်အသင်း (ဖလော်ရီဒါ) က ရခိုင်ဒေသကူညီရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာ

မြန်မာပြည်ရခိုင်ဒေသရှိလူထု၏ လတ်တလောဒုက္ခရောက်နေမှုများကိုကူညီရေးအစီအစဉ်
မြန်မာပြည်အနောက်ဘက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင်အဓိကရုဏ်းများကြောင့် ဒေသတွင်းရှိမိသားစုများမှာ အိုးအိမ်များစွန့်ခွာကြ ရပြီး၊ စားဝတ်နေရေး၊ ကျန်းမာရေးစသည့်အမျိုးမျိုးသောဆင်းရဲဒုက္ခများရောက်လျက်ရှိကြသည်ကို အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများအားလုံး သိရှိကြပြီးဖြစ်သည်ဟုယုံကြည်ပါသည်။ ထိုသို့ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြသော ရခိုင်ဒေသရှိ လူထုများကို မည်သူမဆို ဂရုဏာထား လှူဒါန်းကူညီနိုင်ကြပါသည်။


ဖလော်ရီဒါမှစေတနာရှင်မြန်မာမိသားစုများအတွက် ဖလော်ရီဒါပြည်နယ်ပြည်သူ့ဂုဏ်ရည်ဌာနခွဲမှ တာဝန်ယူဆောင်ရွက်ပေး သွားပါမည်။ အလှူငွေများကိုတာဝန်ယူလက်ခံပေးပြီး တိကျသေချာသောအထင်ကရအဖွဲ့အစည်းများမှတဆင့် ဒုက္ခရောက် နေသည့် ရခိုင်ဒေသမှလူထုထံ တိုက်ရိုက်ပေးအပ်သွားပါမည်။ အလှူရှင်အမည်စာရင်းနှင့်အတူ ငွေစာရင်းရှင်းတမ်းများကို ဖလော်ရီဒါပြည်နယ်ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲမှ တာဝန်ယူထုတ်ပြန်ပေးပါမည်။
စေတနာရှင်တို့၏အလှူငွေများကို June 27 မှ July 10 ရက်နေ့အထိပေးပို့လှူဒါန်းနိုင်ကြပါသည်။
ချက်ဖြင့်ရေးပို့လိုပါက Pay to the Order တွင် COBA ကိုရေးပြီး COBA Florida Chapter , P.O. Box: 561404 , Vero Beach, FL 32965-1404 သို့၎င်း၊ Paypal ဖြင့်ပို့လိုပါက Email လိပ်စာ tnaing@bellsouth.net သို့၎င်း ပေးပို့နိုင်ကြပါသည်။ Bank Account သို့ ပေးသွင်းလိုပါက Than Naing, Account No: 003446470945, Checking Account, Bank of America, Florida သို့ ပေးသွင်းပြီး Email ဖြင့်အသိပေးနိုင်ပါသည်။
အောက်ပါ အမည်စာရင်းမှ လူပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
၁။ ကိုဂျိမ်းစ်လင်းထွန်း 941-320-0927 Sarasota ၂။ ကိုစိန်မြင့်အောင် 561-866-5151 Boca Raton
၃။ ကိုနေဝင်းထွန်း 239-961-0342 Naples ၄။ ကိုသက်လွင် 561-676-5903 Lake Worth
၅။ ကိုသီဟန် 561-703-0185 Boca Raton ၆။ ကိုသန်းနိုင် 772-538-1343 Vero Beach
linhtunusa@gmail.com , thanvero@gmail.com , COBA FL , P.O. Box: 561404 , Vero Beach , FL 32965-1404