အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၄-ဆုပေးပွဲ) နေ့စွဲ – ၂ဝ၁၄ ခုနှစ် ဧပြီလ (၁) ရက်
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၄-ဆုပေးပွဲ) နေ့စွဲ – ၂ဝ၁၄ ခုနှစ် ဧပြီလ (၁) ရက် မြန်မာပြည်တွင်း၌ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူများကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများက လေးစားဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ ဂုဏ်ရည်ဆုဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ ဂုဏ်ရည်ဆုရရှိသူကို ဂုဏ်ပြုလွှာဆုတံဆိပ်များနှင့်အတူ ငွေသား (ဒေါ်လာ) တစ်သောင်း (US$ 10,000.) ချီးမြှင့်ဂုဏ်ပြုပါသည်။ မြန်မာပြည်တွင်နေထိုင်လျက် တိုင်းရင်းသားပြည်သူတို့အတွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ် နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့် ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သော၊ လူ့ဘောင်လောက နှင့်

