ပြည်သူ့ဂုဏ်ရည်အသင်း စင်္ကာပူဌာနခွဲ ဖွဲ့စည်း
ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံတို့ကို သဘောတူနှစ်သက်သဖြင့် စင်္ကာပူနိုင်ငံရှိ မိတ်ဆွေများက ‘စင်္ကာပူ ဌာနခွဲ’ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မေလ ၁၉ ရက်နေ့က လမ်းပြကြယ်စာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် စင်္ကာပူဌာနခွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအတိုင်း ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စင်္ကာပူ ဌာနခွဲတာဝန်ခံအဖြစ် ကိုညီညီမျိုး ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ဦးဘိုဘိုဝင်း ကို ရွေးချယ်ခဲ့ကြသည်။ ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဘဏ္ဍာရေးကော်မတီ မခိုင်ခိုင်စိုး မခင်စန္ဒာ စာရင်းစစ်ကော်မတီ မခိုင်ခိုင်စိုး ပြန်ကြားရေးကော်မတီ ကိုစည်သူ ကိုပိုင်မင်းဦး စည်းရုံးရေးကော်မတီ ကိုညီညီမျိုး ကိုဇော်ညီညီဦး

