ပြည်သူ့ဂုဏ်ရည်အသင်း၏ အထူးဆု စတင်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
ယခုနှစ် ဆုပေးပွဲမှစတင်ကာ ‘ပြည်သူ့ဂုဏ်ရည်အထူးဆု’ နှစ်စဉ် ချီးမြှင့်သွားမည်ဖြစ်ပါသည်။ အထူးဆုကို မြန်မာပြည်အတွင်း လူမှုထောက်ပံ့ ကူညီရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်သည့် လုပ်ငန်းများ အပါအဝင် တိုင်းပြည်အတွက် လိုအပ်နေသော လုပ်ငန်းကဏ္ဍများတွင် အနစ်နာခံကာ တနိုင်တပိုင် လုပ်ကိုင်နေကြသည့် အင်အားစုများကို ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ပါသည်။
အထူးဆုရရှိသူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ဂုဏ်ပြုဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ဂုဏ်ပြုချီးမြှင့်သွားရန်နှင့် အထူးဆုရရှိသူ လက်ရှိလုပ်ကိုင်နေသော အကျိုးပြုလုပ်ငန်းများအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီသွားရန် အစီအစဉ်များလည်း ပါရှိမည်ဖြစ်သည်။
အထူးဆုအတွက် ရွေးချယ်ရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ တိုင်းပြည်အတွက် လိုအပ်နေသော လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု စသည့်အချက်များကို အခြေခံကာ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ရွေးချယ်သွားမည်ဖြစ်ပါသည်။
အထူးဆုရရှိသူကို နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားများ၌ ကြေညာမည်ဖြစ်ပြီး ယခုနှစ်အတွက် အထူးဆုရရှိသူကို မေလ ၂၇ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာကာ ဆုချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။
တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆