တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ခံ အမည်စာရင်း ထုတ်ပြန်ခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်းဝင်သူများ

(မှတ်ချက်- အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားခြင်းဖြစ်ပါသည်။)

၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
၂။ အရှင်ဉာဏိဿရ
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)
၄။ အရှင် ပညာစာရ
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
၁၀။ ဦးရောဘတ်စန်းအောင်
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့
၁၂။ လဖိုင်နော်မိန်း
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၁၄။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ
၁၅။ ဦးသန်းနိုင် Community Water Filtration System
၁၆။ ဒေါ်သန်းမြင့်အောင်
၁၇။ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း)
၁၈။ ဦးအုန်း (Minamata Environmental Award ဆုရှင်)
၁၉။ Metta Development Foundation
၂၀။ Swanyee Development Foundation

ဤ ပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲများ တည်ရှိရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်ကြမည်ဖြစ်ပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ ၅ ဦး၏ အမည်စာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ပုံ အပါအဝင် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆