Skip to content

COBA Announcements - ထုတ်ပြန်ကြေညာချက်များ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားသော ဆုတံဆိပ်များ ရုပ်သိမ်းနေမှုများနှင့်ပတ်သက်၍ သဘောထားကြေညာချက် ကြေညာချက်အမှတ် ၆/၂ဝ၁၈

[cmsms_row][cmsms_column data_width=”1/1″][cmsms_text] လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားသော ဆုတံဆိပ်များ ရုပ်သိမ်းနေမှုများနှင့်ပတ်သက်၍ သဘောထားကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၁၈ရက်စွဲ – ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်ပြီး ဒီမိုကရေစီအရေး ထောက်ခံအားပေးသော မိတ်ဆွေနိုင်ငံများ၊ အသင်းအဖွဲ့များက ဒေါ်အောင်ဆန်း စုကြည်ကို လေးစားဂုဏ်ယူဖွယ်ရာဆုများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြပါသည်။ ထိုသို့ချီးမြှင့်ခြင်းများမှာ မြန်မာပြည်သူတရပ်လုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီအရေးအတွက် ခုခံတော်လှန်ခြင်းသင်္ကေတအဖြစ် ဂုဏ်ပြုအပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု ခံယူပါသည်။ဆိုးရွားသော စစ်အာဏာရှင်စနစ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူလူထုအားလုံး ရာစုနှစ် ထက်ဝက်မျှ ရင်ဆိုင်ခံစားခဲ့ကြရသည့် လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား မိတ်ဆွေနိုင်ငံများ၊ အသင်း အဖွဲ့များ အနေဖြင့် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ကာ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ချက်များ အတွက်

Read More »

“ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ်ကို ကြေညာခြင်း”

သြဂုတ်လ ၁၉ ရက် ၂၀၁၈ ခုနှစ် (တနင်္ဂနွေနေ့) ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ အစည်းအဝေးတက်ရောက်သည့်/မဲပေးခွင့်ရှိသည့် ဗဟိုအလုပ်အမှုဆောင်များ၏ ရာနှုန်းပြည့် မဲဖြင့် ဦးထိန်လင်း (ဗဟိုအလုပ်အမှုဆောင် ပြည်သူ့ဂုဏ်ရည်အသင်း- ဆန်ဖရန်စစ္စကို ဌာနခွဲ/ CEC CoBA San Francisco Chapter)- ကို ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ် အဖြစ် အတည်ပြုကြောင်း ကြေညာ အပ်ပါသည်။

Read More »

၂ဝ၁၅ -၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

သတင်းထုတ် ပြန်ချက် – ဗ/၁/၂ဝ၁၅ ရက်စွဲ။ ။ဇူလိုင်လ ၃၁ ရက် သောကြာနေ့၊ ၂ဝ၁၅ ၂ဝ၁၅ -၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံ အခြေခံမူနှင့်စည်းမျဉ်းများကို အခြေခံ၍ ဇူလိုင်လ ၁၉ရက်၊ တနင်္ဂနွေ နေ့တွင် ဌာနခွဲ အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၂ဝ၁၅ – ၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် အသင်း၏ ဗဟိုအလုပ် အမှုဆောင်အဖ့ွဲကို ဖွဲစည်းခဲ့ပါသည်။ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်မည့် တာဝန်ခံများအား ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့၊ ၂ဝ၁၅

Read More »

ဥက္ကဋ္ဌ ဦးကျော်သူ ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း

၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူ ၂၀၁၅ ခုနှစ် အတွက်ပေးအပ်သည့် အာရှနိုဘယ်လ်ဆု ဟု ခေါ်ဆို ကြသော ‘ရေမွန်မက်ဆေးဆေး’ ဆု (Ramon Magsaysay Award) ရရှိကြောင်း သိရှိရပါသည်။ အထွေထွေ လိုအပ်ချက် များ ပြည့်နှက်နေသည့် မြန်မာတိုင်းရင်းသား ပြည်သူများအတွက် တတ်စွမ်းသမျှဖြည့်ဆည်းဆောင်ရွက်နေသူ လူမှုသူရဲကောင်း ဦးကျော်သူ ယခုကဲ့သို့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည်အသင်းကလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ ။ ပြည်သူ့ဂုဏ်ရည်အသင်း

Read More »

Donate Us

Contact admin in need : admin@citizenofburmaaward.org