Skip to content

COBA Announcements - ထုတ်ပြန်ကြေညာချက်များ

၂၀၂၃ခုနှစ် ၁၄ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု

“ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း” ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို အာခံ၊ ဆန့်ကျင်ခဲ့ပြီး ပြည်သူနှင့်အတူ တသားတည်းရပ်တည်ခဲ့သူ၊ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများအောက်မှ မြန်မာပြည်သူတို့၏ အသံကို ကုလသမဂ္ဂစင်မြင့်တွင် ရဲရဲဝံ့ဝံ့တင်ပြပြောဆိုနေသူ၊သတ္တိ၊ ပညာ၊ သစ္စာတို့နှင့်ပြည့်စုံသည့် “ဦးကျော်မိုးထွန်း (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး)”ကို ၂၀၂၃ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။

Read More »

Interview with Citizen of Burma Award 2023 Winner U Kyaw Moe Tun

၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ  မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

Read More »

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ရက်စွဲ – ၂၀၂၃ ခုနှစ် မေလ ၆ ရက် ၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဌာနခွဲအသီးသီးမှ တင်သွင်းထားကြသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်းများအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရွေးချယ်ခဲ့ကြပါသည်။  ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နွေဦးတော်လှန်ရေး ကာလအတွင်း၌ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်အား ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရာတွင် ပြည်သူ့ဂုဏ်ရည် ပင်မဆု တစ်ခုတည်းကိုသာ

Read More »

၂၀၂၂ခုနှစ် ၁၃ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု

“ပြည်သူ့ ကာကွယ်ရေးစစ်သည်တော်များ (PDF)” မြန်မာပြည်သူများ၏ အသက်များ၊ ဘဝများကို ရက်ရက်စက်စက် နှိပ်ကွပ်နေသည့် စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်ကိုင်တုတ် ဖက်ဆစ်တပ်များကို လူထုရှေ့မှ မားမားမတ်မတ်ရပ်တည်လျှက် ခုခံ၊ ကာကွယ်၊ တွန်းလှန်ရေး ဆောင်ရွက်နေကြသည့် “ပြည်သူ့ ကာကွယ်ရေး စစ်သည်တော်များ (PDF)” ကို ၂၀၂၂ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။

Read More »

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂ ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂ အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။ တဖက်တွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံရင်း တတိယနိုင်ငံများသို့ သွားခွင့်ရရှိရေးအတွက် ကြိုးစားလာကြသော တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည် ပြည်သူများ တိုးပွားလျက်ရှိလာခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည် အသင်းကြီးက တစုံတရာ ဝေဖန်မှုပြုမည် မဟုတ်ပါ။ ထို့အတူ နိုင်ငံရပ်ခြားထွက်ခွာရန်အတွက်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UNHCR) တွင် ဒုက္ခသည် လျှောက်ထားခြင်းအတွက်ဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ပါဝင် ပတ်သက်မည် မဟုတ်ပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏

Read More »

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။

Read More »

Donate Us

Contact admin in need : admin@citizenofburmaaward.org