Skip to content

COBA Announcements - ထုတ်ပြန်ကြေညာချက်များ

Interview with Citizen of Burma Award 2023 Winner U Kyaw Moe Tun

၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ  မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

Read More »

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ရက်စွဲ – ၂၀၂၃ ခုနှစ် မေလ ၆ ရက် ၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဌာနခွဲအသီးသီးမှ တင်သွင်းထားကြသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်းများအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရွေးချယ်ခဲ့ကြပါသည်။  ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နွေဦးတော်လှန်ရေး ကာလအတွင်း၌ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်အား ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရာတွင် ပြည်သူ့ဂုဏ်ရည် ပင်မဆု တစ်ခုတည်းကိုသာ

Read More »

၂၀၂၂ခုနှစ် ၁၃ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု

“ပြည်သူ့ ကာကွယ်ရေးစစ်သည်တော်များ (PDF)” မြန်မာပြည်သူများ၏ အသက်များ၊ ဘဝများကို ရက်ရက်စက်စက် နှိပ်ကွပ်နေသည့် စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်ကိုင်တုတ် ဖက်ဆစ်တပ်များကို လူထုရှေ့မှ မားမားမတ်မတ်ရပ်တည်လျှက် ခုခံ၊ ကာကွယ်၊ တွန်းလှန်ရေး ဆောင်ရွက်နေကြသည့် “ပြည်သူ့ ကာကွယ်ရေး စစ်သည်တော်များ (PDF)” ကို ၂၀၂၂ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။

Read More »

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂ ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂ အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။ တဖက်တွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံရင်း တတိယနိုင်ငံများသို့ သွားခွင့်ရရှိရေးအတွက် ကြိုးစားလာကြသော တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည် ပြည်သူများ တိုးပွားလျက်ရှိလာခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည် အသင်းကြီးက တစုံတရာ ဝေဖန်မှုပြုမည် မဟုတ်ပါ။ ထို့အတူ နိုင်ငံရပ်ခြားထွက်ခွာရန်အတွက်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UNHCR) တွင် ဒုက္ခသည် လျှောက်ထားခြင်းအတွက်ဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ပါဝင် ပတ်သက်မည် မဟုတ်ပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏

Read More »

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။

Read More »
Support NUG

အမျိုးသားညီညွတ်ရေး အစိုးရသစ်ကို လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်း ကြေငြာခြင်း

ယနေ့ဖွဲ့စည်းလိုက်သော “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာ သည့် ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားရန် “အဖြေ” ဖြစ်သည်ဟု ကျွနု်ပ်တို့ယုံကြည်သည်။  အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုးမည့် “ပြည်ထောင်စုတပ်မတော်” နှင့်အတူ နိုင်ငံ၏အနာဂတ်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှရှိခြင်းတို့ကို အပြည့်အဝ ဖော်ဆောင်နိုင်မည့် ပြည်ထောင်စုအစိုးရအဖြစ် ရှုမြင်သည်။  ပြည်သူလူထုတရပ်လုံးအားကိုယ်စားပြုသည့် “အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့” (National Unity Government) ကို အဝေးရောက် တိုင်းရင်းသားများနှင့် စုစည်းထားသည့် “ပြည်သူ့ဂုဏ်ရည်အသင်းကြီး”က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆို လိုက်သည်။  အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ဂုဏ်ရည်အသင်းက ဦးလည်မသုန်၊ လိုက်နာ ဆောင်ရွက်သွားမည်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ပြည်သူ့ဂုဏ်ရည်ဌာနခွဲအသီးသီးက လူအား၊ ငွေအား၊ အကြံဉာဏ်အားများဖြင့် ပူးပေါင်း၊

Read More »

Donate Us

Contact admin in need : admin@citizenofburmaaward.org