
၂၀၂၀ ပြည့်နှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ထုတ်ပြန်ကြေညာချက်
၂၀၂၀ ပြည့်နှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်းများမှ ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်ပြီး ဆုရွေးချယ်ရေး အဆင့်များဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာတဝန်း လတ်တလောဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေများကြောင့် နှစ်စဉ် ပြုလုပ်နေကျ အစီအစဉ်များအတိုင်း ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် အဆိုပြုထားသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ စာရင်းကို ၂၀၂၁ ခုနှစ်အတွက် အဆိုပြုစာရင်းအဖြစ် ပြောင်းရွှေ့သတ်မှတ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၈ ရက်နေ့တွင်






