Skip to content

ပြည်သူ့ဂုဏ်ရည် အသင်း၏ နှစ်အလိုက် ဂုဏ်ပြုမှုများ

ပြည်သူ့ဂုဏ်ရည် ၁၇ကြိမ်မြောက်ဂုဏ်ပြုမှု-၂၀၂၆ခုနှစ်

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှသည် နွေဦးတော်လှန်ရေးအထိ စစ်ကျွန်မခံတွန်းလှန်တိုက်ပွဲရှည်ကြီးအတွင်း ပြည်သူလူထုနှင့်အတူ တသားတည်းရပ်တည်ခဲ့သူ၊ အကျဉ်းစံစဉ်ကာလ နှစ်များစွာ ပေးဆပ်ရဲရင့်ခဲ့သူ၊ ဝောာ်လှန်ရေးက တဖဝါးမှ မခွာခဲ့သူ “ဦးမင်းကိုနိုင်” ၏ ခိုင်ကျည်သောစိတ်ဓာတ်၊ အညံ့မခံသောဦးဆောင်မှုနှင့် ပြည်သူလူထုနှင့် အမှန်တရားကိုသာ မျက်နှာမူခဲ့သော ရပ်တည်ချက်များအတွက်၂၀၂၆ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုဖြင့် ဂုဏ်ပြုလိုက်ပါသည်။

ပြည်သူ့ဂုဏ်ရည် ၁၆ကြိမ်မြောက်ဂုဏ်ပြုမှု-၂၀၂၅ခုနှစ်

သူမ၏ ဘဝတလျောက်လုံး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံ တွန်းလှန်နေသော စိတ်ခွန်အားများကို ဦးညွှတ်ဂုဏ်ပြုမှုအဖြစ် “ဒေါ်အောင်ဆန်းစုကြည်”

ပြည်သူ့ဂုဏ်ရည် ၁၅ကြိမ်မြောက်ဂုဏ်ပြုမှု-၂၀၂၄ခုနှစ်

နွေဦးတော်လှန်ရေးကြီးအတွင်း ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုတွင် တာဝန်ကျေခဲ့ကြသည့် လူငယ်တို့၏ စွန့်လွှတ်၊ ရဲရင့်၊ ထက်မြက်ထူးချွန်သော တီထွင်ကြံဆမှုများကိုဂုဏ်ပြုသည့် “နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သောလူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ”

Activities

အသင်း၏ လုပ်ဆောင်ချက်များ

Award Ceremonies

ဂုဏ်ပြုမှု မှတ်တမ်းများ ပြည်သူ့ဂုဏ်ရည် အသင်းမှ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများအား နှစ်စဉ် ဂုဏ်ပြုခြင်း မှတ်တမ်းများကို ကြည့်ရှု့နိုင်ရန်

Chapter Activities

အသင်း၏ ဆောင်ရွက်ခဲ့မှုများ ပြည်သူ့ဂုဏ်ရည် အသင်းမှ ဂုဏ်ပြုမှုများ ၊ ရန်ပုံငွေ ပွဲများအပြင် အခြားသော လုပ်ငန်းစဉ်များအား ဆောင်ရွက်မှုကဏ္ဍ

Donate for Myanmar Needs

အလှူခံ မဏ္ဍပ် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လူမှု အကူအညီများကို ထိရောက် မြန်ဆန်စွာ ကူညီပေးနိုင်ရေးအတွက် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Information

အသင်း၏ လုပ်ဆောင်ချက်များ

Donate Us

Contact admin in need : admin@citizenofburmaaward.org