☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား မေရီလန်းတွင် ကျင်းပ ☮

၂၀၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား မေရီလန်းတွင် ကျင်းပ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံအတွင်းလူမှုအဖွဲ့အစည်းအတွက် လိုအပ်သည့်လုပ်ငန်းများကိုကိုယ်ကျိုး စွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ/အဖွဲ့အစည်းတို့အား ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများ ၏ စုစည်းညီညွတ်မှုအားဖြင့် စုပေါင်းဂုဏ်ပြုသည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) သတ္တမအကြိမ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂ဝ၁၆ ခုနှစ်မေလ ၂၁ ရက် စနေနေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Gaithersburg မြို့ရှိ Shady Grove Middle School တွင် ကျင်းပ ခဲ့သည်။ အခမ်းအနားကို ညနေ ၆ နာရီမှ ၁၀ နာရီ အထိ ကျင်းပပြီး ပရိသတ် ၂၀၀ နီးပါး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသောဧည့်သည်များကို ဒေသခံပြည်သူ့ဂုဏ်ရည်မိသားစုများက မြန်မာအစားအစာ များဖြင့် ကျွေးမွေးဧည့်ခံပြီး ည ၇ နာရီတွင် ဆုပေးပွဲ အခမ်းအနား စတင်သည်။ ပြည်သူ့ဂုဏ်ရည်အသင်း မေရီလန်းဌာ နခွဲမှ ကိုယဉ်ထွေးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီးချူပ်ဟောင်း ဒေါက်တာစိန်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်း ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်မှုများကို အသင်း၏ အထွေထွေအတွင်းရေးမှူး ကိုအေးမြင့်၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှစ်ပတ်လည်အစီရင်ခံစာကို အသင်းဒုဥက္ကဋ္ဌ ကိုထွန်းထွန်းတို့က တင်ပြခဲ့ပြီး ၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်ကလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်များမှာ
ပြည်သူ့ဂုဏ်ရည်ဆုရှင်
ဒေါက်တာသန်းမင်းထွဋ်
အထူးဆုရှင်များ
ဒေါ်ခင်မမမျိူ း
ပန်းရဲ့လမ်းအဖွဲ့
မြန်မာပုံပြောသူများအဖွဲ့တို့ ဖြစ်သည်။
အခမ်းအနားတွင် ဆုရှင်များအကြောင်း မှတ်တမ်းရုပ်ရှင်များပြသခြင်း၊ ဒေသခံများ၏ ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်းများ ပါဝင်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို မေလ ၂၈ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာတိုင်းရင်းသားမိသားစုများ၏
ပြည်သူ့ဂုဏ်ရည်အသင်း

Photo Credit: ကိုထိန်လင်း (ဆန်ဖရန်စစ်စကို)