
၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်
၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။