+ပြည်သူ့ဂုဏ်ရည် အစီအစဉ်ဖြင့် “မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်။” များဆက်လက်လုပ်ဆောင်လျက်ရှိ

“ပြည်သူများမှ ပြည်သူများသို့ ဝိုင်းကူစို့”
နိုင်ငံတကာနှင့် အမေရိကန်နိုင်ငံတွင်းရှိ ပြည်သူ့ဂုဏ်ရည် အသင်းဌာန ခွဲများ နှင့်အတူ အရီဇိုးနားပြည်နယ်ရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ အလှူငွေများဖြင့်
ပြည်သူ့ဂုဏ်ရည်အသင်း (အရီဇိုးနားဌာနခွဲ) က ဆက်သွယ် အကောင်အထည်ဖေါ်ဆောင်ရွက်မည့်…
“မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်။“
(က) အချက်အလက်များစုဆောင်းခြင်း။
ဧရာဝတီတိုင်း အင်္ဂပူ ဒေသရှိ ရေဘေးသင့်ကျောင်း
(သို့မဟုတ်) ကျောင်းနှင့် သက်ဆိုင်သည့် အထွေထွေ လိုအပ်ချက်များစာရင်း (၁ဝ/ဝ၁/၁၅ )
လှူဒါန်းမည့်ကျောင်းများ နှင့် ကျောင်းများ တည်ရှိရာကျေးရွာ/အုပ်စု နှင့်
ပျက်စီး (သို့မဟုတ်) လိုအပ်ချက်များ (ခန့်မှန်း စာရင်း)။
(၁) ကျောင်းကုန်း – မူလတန်းကျောင်း (စည်ပင် ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် – ပျက်စီးနေ
ရေကန် – ပျက်စီးနေ
(၂) ထုံးဘို – မူလတန်းကျောင်း (ရေတွင်းလှ ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် – မရှိ
ရေကန် – မရှိ
(၃) ဒိုးတန်း – မူလတန်းကျောင်း (ဒိုးတန်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် – ပျက်စီးနေ
ရေကန် – မရှိ
(၄) မကျည်းကုန်း – မူလတန်းကျောင်း (မကျည်းကုန်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် – ပျက်စီးနေ
ရေကန် – မရှိ
(၅) တလိုင်းကွင်း – မူလတန်းကျောင်း (တလိုင်းကွင်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် – ပျက်စီးနေ
ရေကန် – မရှိ
(ခ) လှူဒါန်းမည့် ပစ္စည်းစာရင်း ပြုစုခြင်း။
ပဏာမ လှူဒါန်းမည့် ပစ္စည်းစာရင်း (၁ဝ/ဝ၁/၁၅ နေ့စွဲအရ)
ရေတုံကင် ၄ ခုပြင်ရန်၊ ၁ ခုအသစ်တည်ရန်
ရေကန် ၁ ခုပြင်ရန်၊ ၃ ခုအသစ်တည်ရန်
(ဂ) လုပ်ငန်းသဘာဝ ကုန်ကျစရိတ်(ခန့်မှန်း)
ရေတုံကင် နှင့် ရေကန် (တစုံ)ကို ပြုပြင်ရာတွင် မြန်မာငွေ ၂သိန်းခွဲခန့်ကုန်ကျပါမည်။ အရေအတွက်တိုးခြင်း၊ အဟောင်းပြင်ဆင်ခြင်း၊ အသစ်ဆောက်ခြင်း စသည့် အနေအထားများပေါ်မူတည်၍ ကုန်ကျစရိတ်များ အတိုးအလျော့ရှိပါမည်။
(မှတ်ချက်။ ။ အထက်ဖေါ်ပြပါ အချက်အလက်များနှင့် ကိန်းဂဏန်းများမှာ အလှူရှင်များ လှူဒါန်းရာတွင် ခန့်မှန်းနိုင်ရန် တင်ပြခြင်းမျှသာဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်စရာများ များစွာရှိပါသည်။ မိမိတို့ တတ်နိုင်သမျှဖြင့် ဝိုင်းဝန်း လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။)
(ဃ) လုပ်ငန်းပြီးစီးမှု အခြေအနေတင်ပြခြင်း။
အောက်တိုဘာ ၂၂ ရက် Progress Report အရ မကျည်းကုန်းအမကတွက် ရေတွင်းအသစ်ဆောက်ပြီးပါပြီ။ ကျန်ကျောင်း ၄ ကျောင်းအတွက် ကဗျည်း ၄ ခုလည်း အဆင်သင့်ဖြစ်နေပါပြီ။ (ပူးတွဲပါပုံကိုကြည့်ပါ။)
အောက်တိုဘာ ၂၃ ရက် Progress Report အရ တလိုင်းကွင်းနှင့် ကျောင်းကုန်းတွင်လည်း ဆောင်ရွက်ပြီးကြောင်း သတင်းရရှိပါသည်။ ကဗျည်းများကို အောက်တိုဘာ ၂၈ ရက် နောက်ပိုင်းတွင်တပ်ဆင်မြည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ ရရှိသည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။
ရေအကျိုး ၁ဝ ပါး။
သက်ရှည် ဆင်းလှ၊ ချမ်းသာရ ဗလ ဉာဏ်ပညာ။
ကြည်လင် သန့်ရှင်း ကျော်ဇောခြင်း ခပင်း ခြွေရံဖြာ။
ရေမငတ်သား လျှင်စွာသွား ဆယ်ပါးရေအကျိုးသာ..
(၁) ပြည်သူ့ဂုဏ်ရည်အသင်း(အရီဇိုးနားဌာနခွဲ)မှတဆင့် အရီဇိုးနားမြန်မာတိုင်းရင်းသား မိသားစုများ၏ စုပေါင်းအလှူတွင် ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန်။
မဥမ္မာဗိုလ်(တာဝန်ခံ)ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ အရီဇိုးနားဌာနခွဲ၊ ပြည်သူ့ဂုဏ်ရည်အသင်း။
ဖုန်း (480)-387-4031
(၂) မိမိတို့အစီအစဉ်ဖြင့် သီးခြားလှူဒါန်းလိုပါက ဆက်သွယ်ရန်။
ကိုထွန်းထွန်းနိုင် (အင်္ဂပူဇာတိ၊ လက်ရှိအရီဇိုးနားပြည်နယ်နေ) ဖုန်း (480)-243-0119
(၃) အင်္ဂပူမြို့သို့တိုက်ရိုက်လှူဒါန်းလိုပါက ဆက်သွယ်ရန်။
ဒေါက်တာ နန္ဒဝင်းဖုန်း ( ၀၉-၂၅၀-၇၃၉၀၉၉၀ )
ဝိုင်းဝန်းအားပေးသူ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီညီ ညီမ အားလုံး အားလုံးကို
ကျေးဇူး အထူးတင်ပါသည်။
ပြည်သူ့ဂုဏ်ရည်အသင်း(အရီဇိုးနား ဌာနခွဲ)
(မှတ်ချက်။ ။ “မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်” ကို ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများက မဲစနစ်ဖြင့် စက်တင်ဘာလမှစ၍ ၂ လ တကြိမ် ဆောင်ရွက်မည်ဖြစ်ရာ အရီဇိုးနားဌာနခွဲက ပထမဦးဆုံးမဲပေါက်ပြီး စတင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။)
ပြည်သူ့ဂုဏ်ရည် အသင်းဆိုင်ရာ အချက်အလက်များကိုအောက်ဖေါ်ပြပါ လင့်များတွင် ကြည့်ပါ။
http://citizenofburma.org/
https://www.facebook.com/pages/Citizen-of-Burma-Award/105304102834527
(ဃ) လုပ်ငန်းပြီးစီးမှု အခြေအနေတင်ပြခြင်း။
အောက်တိုဘာ ၂၂ ရက် Progress Report အရ မကျည်းကုန်းအမကတွက် ရေတွင်းအသစ်ဆောက်ပြီးပါပြီ။ ကျန်ကျောင်း ၄ ကျောင်းအတွက် ကဗျည်း ၄ ခုလည်း အဆင်သင့်ဖြစ်နေပါပြီ။ (ပူးတွဲပါပုံကိုကြည့်ပါ။)
အောက်တိုဘာ ၂၃ ရက် Progress Report အရ တလိုင်းကွင်းနှင့် ကျောင်းကုန်းတွင်လည်း ဆောင်ရွက်ပြီးကြောင်း သတင်းရရှိပါသည်။ ကဗျည်းများကို အောက်တိုဘာ ၂၈ ရက် နောက်ပိုင်းတွင်တပ်ဆင်ပါမည်ကြောင်းလည်း သတင်းရရှိပါသည်။ ရရှိသည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။