Skip to content

ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌနှင့် ကိုရီးယားဌာနခွဲ တွေ့ဆုံ

ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌ ဒေါ် တင်တင်ညိုသည် အာရှခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံသို့ရောက်ရှိခဲ့ကာ ဌာနခွဲတာဝန်ခံ ကိုဝင်းမြင့်ဦးနှင့်အတူ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများနှင့် အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်တွင် ရင်းနှီးခင်မင်စွာ တွေ့ဆုံခဲ့ကြပါသည်။

Read More »

“ဝမ်းနည်းခြင်း သဝဏ်လွှာ” (မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်)

ယနေ့ အောက်တိုဘာ ၇ ရက်၊ နံနက် ၃ နာရီ အချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆုံးပါး ကွယ်လွန်ကြောင်း သိရှိရသည့်အတွက် ပြည်သူ့ဂုဏ်ရည် အသင်းမှ များစွာ ကြေကွဲဝမ်းနည်းရပါသည်။ ဒေါက်တာ ဇော်မြင့်မောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တဦး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် တဦးထက် မကသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသည့် ပြည်သူက ချစ်ခင်လေးစားရသော နိုင်ငံရေး ခေါင်းဆောင်လည်းဖြစ်ပါသည်။ တိုင်းပြည်တာဝန်ကို ကျရာနေရာမှ အမှုထမ်းရင်း ပြည်သူလူထုအား ဦးဆောင်မှုပေးခဲ့ရုံမက၊ အာဏာရှင်စနစ်အား မဆုတ်မနစ် တော်လှန်ခဲ့သူတဦး ဖြစ်သည့် အတွက် ယခုလို တော်လှန်ရေး ကာလအတွင်း ဒေါက်တာဇော်မြင့်မောင်ကျဆုံးခြင်းသည် တိုင်းပြည်အတွက်

Read More »

Interview with Citizen of Burma Award 2023 Winner U Kyaw Moe Tun

၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ  မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

Read More »

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ရက်စွဲ – ၂၀၂၃ ခုနှစ် မေလ ၆ ရက် ၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဌာနခွဲအသီးသီးမှ တင်သွင်းထားကြသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်းများအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရွေးချယ်ခဲ့ကြပါသည်။  ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နွေဦးတော်လှန်ရေး ကာလအတွင်း၌ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်အား ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရာတွင် ပြည်သူ့ဂုဏ်ရည် ပင်မဆု တစ်ခုတည်းကိုသာ

Read More »

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂ ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂ အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။ တဖက်တွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံရင်း တတိယနိုင်ငံများသို့ သွားခွင့်ရရှိရေးအတွက် ကြိုးစားလာကြသော တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည် ပြည်သူများ တိုးပွားလျက်ရှိလာခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည် အသင်းကြီးက တစုံတရာ ဝေဖန်မှုပြုမည် မဟုတ်ပါ။ ထို့အတူ နိုင်ငံရပ်ခြားထွက်ခွာရန်အတွက်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UNHCR) တွင် ဒုက္ခသည် လျှောက်ထားခြင်းအတွက်ဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ပါဝင် ပတ်သက်မည် မဟုတ်ပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏

Read More »

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။

Read More »