Skip to content

Announcement

၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနား အစီအစဉ်

[cmsms_row][cmsms_column data_width=”1/1″][cmsms_text]

၁။ အခမ်းအနားမှူး၏ နှုတ်ခွန်းဆက် အဖွင့်စကား
၂။ ၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ကိုကျော်သူ အဖွင့်အမှာစကား ပြောကြားခြင်း
၃။ ပြည်သူ့ဂုဏ်ရည်အသင်း အထွေထွေအတွင်းရေးမှူး အမှာစကားပြောကြားခြင်း
၄။ ပြည်သူ့ဂုဏ်ရည်အသင်း နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း
၅။ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ကြေညာခြင်း၊ အထူးဆုအကြောင်း၊ မှတ်တမ်းရုပ်ရှင်ပြသခြင်း နှင့် အထူးဆုရှင် နှုတ်ခွန်းဆက်စကား ထုတ်လွှင့်ခြင်းRead More »၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနား အစီအစဉ်

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ အခမ်းအနား

မြန်မာနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းအတွက် လိုအပ်သည့်လုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ/အဖွဲ့အစည်းတို့အား ပြည်ပရောက် မြန်မာမိသားစုများ၏ စုစည်းညီညွှတ်မှုအားဖြင့် စုပေါင်းဂုဏ်ပြုသည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) တတိယအကြိမ် ဆုပေးပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် တက်ရောက်ချီးမြှင့်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။… Read More »တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ အခမ်းအနား

ပြည်သူ့ဂုဏ်ရည်အသင်း၏ အထူးဆု စတင်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် မေလ ၁၄ ရက် မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု… Read More »ပြည်သူ့ဂုဏ်ရည်အသင်း၏ အထူးဆု စတင်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါ ဌာနခွဲ ဖွဲ့စည်း

[cmsms_row][cmsms_column data_width=”1/1″][cmsms_text]

ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံတို့ကို သဘောတူနှစ်သက်သဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အတွင်းရှိ မိတ်ဆွေများက ‘ဖလော်ရီဒါ ဌာနခွဲ’ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် အဆိုပါဌာနခွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအတိုင်း ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖလော်ရီဒါ ဌာနခွဲတာဝန်ခံအဖြစ် ကိုသန်းနိုင် ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ကိုဂျိမ်းလင်းထွန်း ကို ရွေးချယ်ခဲ့ကြသည်။

Read More »ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါ ဌာနခွဲ ဖွဲ့စည်း

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ခံ အမည်စာရင်း ထုတ်ပြန်ခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက် မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု… Read More »တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ခံ အမည်စာရင်း ထုတ်ပြန်ခြင်း

ပြည်သူ့ဂုဏ်ရည် ဘတ်ဖလိုး ဌာနခွဲ ပြန်လည်ဖွဲ့စည်း

[cmsms_row][cmsms_column data_width=”1/1″][cmsms_text]

ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုး ဌာနခွဲအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ရှိ အဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။

Read More »ပြည်သူ့ဂုဏ်ရည် ဘတ်ဖလိုး ဌာနခွဲ ပြန်လည်ဖွဲ့စည်း

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း

[cmsms_row][cmsms_column data_width=”1/1″][cmsms_text]

နေ့စွဲ – ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း တင်သွင်းခြင်းကို စတင်လက်ခံနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ မည်သူမဆို ဆန္ဒပြုနိုင်ပါသည်။
လက်ခံရရှိသော အမည်စာရင်းများမှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလအတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။
အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင် ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုပွဲကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။Read More »တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း