Skip to content

ကချင်ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်း အတွက် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ

အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ ကချင်ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မေလ ၁၃ ရက်၊၂၀၂၄ ခုနှစ်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရသဖြင့် ကျွန်ုပ်တို့ ပြည်သူ့ဂုဏ်ရည်အသင်းမှအလွန်အင်မတန်ပင် ဝမ်းနည်း ကြေကွဲရပါသည်။  ကွယ်လွန်ချိန်အထိ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း တာဝန် ထမ်းဆောင်ခဲ့တဲ့ ရာထူး တာဝန်များမှာ စစ်ဦးစီးချုပ် – ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်  အမှတ် (၁) စစ်ဒေသ၏ တည်ထောင်သူ စစ်ဒေသမှူးရာထူးကိုပါ ပူးတွဲရယူခဲ့သူဖြစ်ပြီး၊ တော်လှန်ရေး ကာလအတွင်း၌ စစ်မျက်နှာ မြေပြင်အထိ သွားရောက်ကာ စစ်ရေးကိစ္စများကို အားကြိုးမန်တက် တာဝန်ယူခဲ့သူအဖြစ် လူသိများခဲ့ပါသည်။  ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ နွေဦးတော်လှန်ရေး ဖြတ်သန်းစဉ်ကာလများ၌ သူသည် ရဲဘော်များနှင့်အတူ အညာမြေ၊ အညာဒေသတွင် အတူတကွ နေထိုင်၍ အထူးဒေသ (၁) ၏ စစ်ဆင်ရေးများကိုလည်း ကိုယ်တိုင်ကြီးကြပ်တာဝန်ယူခဲ့သူ ဖြစ်ခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ရန်ကုန် တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ ဂီတလောက၏ ထင်ရှားသော ခရမ်းပြာအဆောင်ထွက် အနုပညာရှင် တစ်ဦးအဖြစ်လည်း လူသိများခဲ့သူ ဖြစ်ပါသည်။ တေးရေး ကိုရဲလွင်၊ ခင်မောင်တိုး၊ မွန်းအောင် စသည့် ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်များနှင့် အတူ အနုပညာ လုပ်ငန်းများကို တက္ကသိုလ်ကျောင်းသားဘဝ၌ အတူတူ လုပ်ကိုင်ခဲ့ကြပြီး ဂီတတီဝိုင်းများတွင် ဘေ့စ်ဂီတာ တီးခတ်ခဲ့သူ ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသားတိုင်းနားထောင်ဖူးသည့် နာမည်ကျော် ၈/၈၂ အင်းလျား (မူရင်း) သီချင်းမှာ သူက ဘေ့စ်ဂီတာ တီးခတ်ပေးခဲ့ပါသည်။  ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မတူညီသော တိုင်းရင်းသား လူမျိုးများကြား၌ လူမျိုးရေး ခွဲခြားသည့်အမြင်လုံးဝ မရှိဘဲ ဗမာတိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားများနှင့် အတူတကွ “နိုင်ငံသား” ဆိုသည့် ခေါင်းစဉ်အောက်မှ ချစ်ခင်ရင်းနှီးစွာ အတူတွ နေထိုင်ခဲ့သည့် စံပြ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။  ထင်ရှားသည့် သာဓက အဖြစ် အမှတ် (၁) စစ်ဒေသ၌ တာဝန်ယူစဉ် သူ ကိုယ်တိုင် စစ်ဒေသ မြေပြင်အထိ ဆင်းပြီး စစ်ကိုင်းဒေသမှာ PDF ရဲဘော်များနှင့်အတူ စစ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဗမာဒေသ၊ ကချင်ဒေသ ဆိုသည့်ဒေသစွဲ လူမျိုးစွဲ မရှိဘဲ ဗမာဒေသမှ ရဲဘော်များ၏ ချစ်ခင်လေးစားမှုကို အပြည့်အဝ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် စစ်ရေး တာဝန်များကို ထမ်းဆောင်ရင်း၊ မိမိဝါသနာ ပါသည့် အနုပညာမှာလည်း ဂီတာတီးခတ်ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ သူ့ကို အများက မှတ်မိနေစေတဲ့ အဓိက အချက်ကတော့ သူ၏စစ်ရေး တာဝန် ပြင်ပ အချိန်များ၌ အမြဲလိုလို ပြုံးပြုံးရွှင်ရွှင်နေတတ်ခြင်းသည် သူ့ရဲ့ ရဲဘော်တွေက ချစ်ခင်ရတဲ့ အချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးခရီးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် တော်လှန်ရေး လမ်းခုလတ်တွင် ကွယ်လွန်သွားရပြီး၊ သူမြင်ချင်၊ သူဖြစ်ချင်ခဲ့သည့် နိုင်ငံသားတိုင်း တန်းတူညီမျှ ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မြင်မသွားခဲ့ရခြင်းသည် အင်မတန် ဝမ်းနည်းစရာ ဖြစ်သလို၊ တော်လှန်ရေးအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ လူမျိုးဘာသာ ခွဲခြားမှု မရှိသည့်အပြင် လူမျိုးဘာသာ ကွဲပြားခြားနားသော တော်လှန်ရေး ရဲဘော်များ​၏ ချစ်ခင်ခြင်းကို ရရှိခဲ့သည့် ရှားပါးသော စံပြ တော်လှန်ရေး ခေါင်းဆောင် တစ်ဦးကို တော်လှန်ရေး​၏ လမ်းခုလပ်၌ ဤကဲ့သို့ ဆုံးရှုံးရခြင်းကို နိုင်ငံ့အတွက် ကြီးမားသည့် ဆုံးရှုံးနစ်နာမှုကြီး အဖြစ် ကျွန်ုပ်တို့ မှတ်ယူပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားခဲ့သော်လည်း သူ၏ အတုယူသင့်သည့် စိတ်ဓါတ် ဖြစ်သော တိုင်းရင်းသားလူမျိုးများကြား လူမျိုးစွဲ၊ ဒေသစွဲ ခွဲခြားသည့် အမြင်မရှိဘဲ နိုင်ငံသားတိုင်းကို တန်းတူချစ်ခင်တဲ့ စိတ်ဓါတ် အမွေကိုဆက်လက်ကိုင်စွဲလျက်၊ သူ၏ မပြီးဆုံးသေးသော တာဝန်ဖြစ်သည့် စစ်အာဏာရှင် စနစ်အား တော်လှန်နေကြသည့် နွေဦးတော်လှန်ရေးကြီး ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားကြမည်ဟု ကျွန်ုပ်တို့ ပြည်သူ့ဂုဏ်ရည်အသင်းမှလည်း ခိုင်မြဲစွာ သစ္စာပြုလိုက်ပါသည်။

Read More »

အထူးဝမ်းနည်းကြေကွဲခြင်း ကိုသက်စိုးလွင်

ကိုသက်စိုးလွင် ( ပြည်သူ့ဂုဏ်ရည်အသင်း- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) Melbourne (Australia) ဌာနခွဲ; NLD (LA) (ဖေဖော်ဝါရီ – ၁၃ ရက် ၂၀၂၄ ခုနှစ်) တွင် ကွယ်လွန်၊ ကိုသက်စိုးလွင် ( ၅၉ နှစ်) ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ပြည်သူ့ဂုဏ်ရည်အသင်း မှ ကျန်ရစ်သူ မိသားစု နှင့် ထပ်တူ ဝမ်းနည်း ကြေကွဲပါကြောင်း မှတ်တမ်း တင် အပ်ပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြည်သူ့ဂုဏ်ရည်အသင်း

Read More »

ထုတ်ပြန်ကြေညာချက် ၁/၂၀၂၂

ဧပြီလ ၁ ရက်၊ ၂၀၂၂ ထုတ်ပြန် ကြေညာချက် ၁/၂၀၂၂ အမိမြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး တိုက်ပွဲကြီး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဌာနခွဲ အသီးသီးက အားပေးကူညီထောက်ခံ လျက်ရှိနေပါသည်။ တဖက်တွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံရင်း တတိယနိုင်ငံများသို့ သွားခွင့်ရရှိရေးအတွက် ကြိုးစားလာကြသော တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည် ပြည်သူများ တိုးပွားလျက်ရှိလာခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဂုဏ်ရည် အသင်းကြီးက တစုံတရာ ဝေဖန်မှုပြုမည် မဟုတ်ပါ။ ထို့အတူ နိုင်ငံရပ်ခြားထွက်ခွာရန်အတွက်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UNHCR) တွင် ဒုက္ခသည် လျှောက်ထားခြင်းအတွက်ဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ပါဝင် ပတ်သက်မည် မဟုတ်ပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏

Read More »

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁ ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။

Read More »
Support NUG

အမျိုးသားညီညွတ်ရေး အစိုးရသစ်ကို လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်း ကြေငြာခြင်း

ယနေ့ဖွဲ့စည်းလိုက်သော “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာ သည့် ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားရန် “အဖြေ” ဖြစ်သည်ဟု ကျွနု်ပ်တို့ယုံကြည်သည်။  အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုးမည့် “ပြည်ထောင်စုတပ်မတော်” နှင့်အတူ နိုင်ငံ၏အနာဂတ်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှရှိခြင်းတို့ကို အပြည့်အဝ ဖော်ဆောင်နိုင်မည့် ပြည်ထောင်စုအစိုးရအဖြစ် ရှုမြင်သည်။  ပြည်သူလူထုတရပ်လုံးအားကိုယ်စားပြုသည့် “အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့” (National Unity Government) ကို အဝေးရောက် တိုင်းရင်းသားများနှင့် စုစည်းထားသည့် “ပြည်သူ့ဂုဏ်ရည်အသင်းကြီး”က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆို လိုက်သည်။  အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ဂုဏ်ရည်အသင်းက ဦးလည်မသုန်၊ လိုက်နာ ဆောင်ရွက်သွားမည်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ပြည်သူ့ဂုဏ်ရည်ဌာနခွဲအသီးသီးက လူအား၊ ငွေအား၊ အကြံဉာဏ်အားများဖြင့် ပူးပေါင်း၊

Read More »