Skip to content

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်း ကြေညာချက် အမှတ်၂/၂၀၂၆

“ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအသစ်များကို ဆက်လက်ကြေညာခြင်း”

ရက်စွဲ – ၂၀၂၆ခုနှစ် အောက်တိုဘာလ (၆)ရက်၊ (အင်္ဂါနေ့)

ပြည်သူ့ဂုဏ်ရည်အသင်းသည် မိမိတို့ဇာတိအမိမြေမှ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို ပြည်ပရောက် မိသားစုများ၏ အပေါင်းစုမှု အင်အားဖြင့် နှစ်စဉ်ဂုဏ်ပြုခြင်း၊ အမိမြေ၏အခက်အခဲများကို မိမိတို့တတ်စွမ်းသမျှ ချိတ်ဆက်ကူညီခြင်း၊ စသည့်ရည်ရွယ်ချက် များနှင့် ဆောင်ရွက်ပါသည်။

အသင်းတွင် လူဟောင်း၊ လူသစ်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ ဒေသအသီးသီးမှ မတူကွဲပြားသည့်အမြင်များကို အပြန်အလှန် လေးစားမှုများဖြင့် ချဉ်းကပ်၊ ဆွေးနွေး၊ တိုင်ပင်ပြီး စုပေါင်းအကောင်အထည်ဖော်ကြခြင်းဖြစ်ပါသည်။

ငွေကြေး အရှုပ်အထွေး၊ အစွန်းအထင်း၊ အဖြစ်မခံဘဲ ပြည်ပရောက်မြန်မာတိုင်းရင်းသားမိသားစုများ၏ ချွေးနည်းစာသက်သက်ဖြင့် ဖြူဖြူစင်စင် ဂုဏ်ပြုလှူဒါန်းမှုများသာ ဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ပုံများကို သဘောတူညီကြသည့် အောက်ပါဒေသများမှ ဌာနခွဲသစ်များသည် ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၁) ပက်သ်ဌာနခွဲ (ဩစ‌တေးလျနိုင်ငံ) / Perth Chapter (Australia)
၂) ဂျာမဏီဌာနခွဲ (ဂျာမဏီနိုင်ငံ) / Germany Chapter (Germany)
၃) နယူးဂျာစီဌာနခွဲ (အမေရိကန်ပြည်ထောင်စု) / New Jersey Chapter (United States of America)

ပြည်ပတွင်အခြေချ နေထိုင်သူများကို “ပြည်သူ့ဂုဏ်ရည်”နှင့်အတူတကွ ပါဝင်ဆောင်ရွက်နိုင်ရန် ဆက်လက်ဖိတ်ခေါ်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း
www.citizenofburmaaward.org

Donate Us

Contact admin in need : admin@citizenofburmaaward.org