၂ဝ၁၄ ပြည်သူ့ဂုဏ်ရည်ဆုနှင့်အထူးဆုများပေးအပ်ခြင်း – ဓာတ်ပုံမှတ်တမ်း(ဓာတ်ပုံ ၇၈-ပုံ) ဇွန်လ ၁ ရက်၊တော်ဝင်နှင်းဆီ-ရန်ကုန်မြို့

ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု နှင့် အထူးဆုများပေးအပ်ဂုဏ်ပြုု ခြင်း (ဓာတ်ပုံမှတ်တမ်း)

ပြည်ပရောက် မြန်မာနိုင်ငံသားများ ၏ “ပြည်သူ့ဂူဏ်ရည် အသင်း ( CITIZEN of BURMA AWARD )” က ပဉ္ဓမအကြိမ် ပြည့်သူ့ဂုဏ် ရည် ဆုချီးမြှင့်ပွဲကို ဇွန်လ ၁ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်၊
ထိုပွဲသို့အထူးဖိတ်ကြားထားသူများနှင့်နယ်ပယ်အသီးသီးမှပုဂိုလ်များနှင့်ဆုရသူများတက်ရောက်
ကြပါတယ်၊ ရှေးဦးစွာကဗျာဆရာသမ္မဂ္ဂဥက္ကဌ ကဗျာဆရာသစွာနီနှင့် ပြည်သူ့ဂုဏ် ရည်အသင်း
ဥက္ကဌ ကိုဝေလဝင်းတို့က ကြိုဆို နှုူတ်ခွန်းဆက်စကားများပြောကြားပြီး
ဆုရသူများအားဆုချီးမြှင့်ခဲ့ပါတယ်၊
၂ဝ၁၄ခုနှစ် ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်သန်းမြင့်အောင်၊
၂ဝ၁၄ ပြည်သူ့ဂူဏ်ရည် အထူးဆုများကို မခင်နှင်းကြည်သာ၊ ပန်းစကားအဖွဲ့ နှင့် One More အစီအစဉ်တို့ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ပါတယ်၊
( မှတ်ချက်။ ။၂ဝ၁၄ ခု၊ ဇွန်လ ၃ ရက်နေ့ထိ ပြည်သူ့ဂုဏ်ရည်အသင်းသို့ ပေးပို့သမျှ နှင့် အွန်လိုင်းပေါ်မှ စုဆောင်းရသမျှ ဓါတ်ပုံမှတ်တမ်းဖြစ်ပါသည်။ ပေးပို့သူအားလုံးနှင့်တကွ အွန်လိုင်းပေါ်တင်ပေးသူအားလုံးကိုကျေးဇူးအထူးတင်ပါသည်။ ဓာတ်ပုံများကို မိမိတို့မူပိုင်သာလျင်အသုံးပြုလိုပါက cobaphxaz@gmail.com သို့ ဆက်သွယ်အကြောင်းကြားပါ။)