ပဉ္စမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်အထူးဆုရရှိသူများကို မေလ ၂၄၊ ၂ဝ၁၄ နေ့က ကြေညာ

ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်အထူးဆုရရှိသူများ ကြေညာခြင်း
နေ့စွဲ – ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏ လုပ်ရပ်များအတွက် လေးစားဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှစ်စဉ်ဂုဏ်ပြုသည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဉ္စမအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့၌ ယနေ့ (၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင်) ကျင်းပခဲ့ပြီး ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို ရွေးချယ်ဂုဏ်ပြုပါသည်။

      ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအဖြစ် ဖော်ပြပါ လူပုဂ္ဂိုလ်/အသင်းအဖွဲ့တို့ကို ရွေးချယ်ခဲ့ပါသည်။ (အမည်များကို အက္ခရာစဉ်ဖြင့် ဖော်ပြထားပါသည်။)

၁။ မခင်နှင်းကြည်သာ (တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်)
၂။ ပန်းစကားအဖွဲ့
၃။ One More အဖွဲ့
ပြည်သူ့ဂုဏ်ရည်ဆုနှင့် အထူးဆုများကို ဆုရှင်များအား ပေးအပ်ချီးမြှင့်မည့် ဂုဏ်ပြုပွဲကို ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။
ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းကို စတင် လက်ခံနေပြီဖြစ်ပြီး အမည်တင်သွင်းခြင်းအပါအဝင် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ။
ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုသန်းနိုင် (၀၁) ၇၇၂ ၅၃၈ ၁၃၄၃၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
(ရန်ကုန်တွင် ဆက်သွယ်ရန်) ကိုဝေလ၀င်း (၀၉) ၄၂၈ ၁၄၂ ၄၂၁
Sunday, 11 May 2014 00:15
ဆရာကြီးဦးဝင်းတင်အထိမ်းအမှတ်ဆွမ်းကျွေး “ဖိတ်ကြားစာ” ပြည်သူ့ဂုဏ်ရည်အသင်း (လော့စ်အိန်းဂျလိစ်ဋ္ဌာနခွဲ)