ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအကြို နှင်းဆီအငြိမ့်ပွဲ

မတ်လ(၂၆)ရက် ၂ဝ၁၄ ခု
ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအကြို နှင်းဆီအငြိမ့်ပွဲ ဖလော်ရီဒါတွင်ဆင်နွှဲခဲ့ကြသည်
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဦးဆောင်၍ နေတိုး ၊ ကျော်ကျော်ဗိုလ် ၊ ထွန်းထွန်း ၊ မင်းမော်ကွန်း နှင့် မိုးယုစံ ၊ ဖူးစုံ ၊ Music Composer ကိုစိုးမိုးဝင်း တို့ပါဝင်သော နှင်းဆီအငြိမ့် အဖွဲ့သည် မတ်လ(၂၂)ရက်မှစတင်၍ အမေရိကန်နိုင်ငံအတွင်း လှည့်လည်ကပြလျက်ရှိပါသည်။
ဖလော်ရီဒါပြည်နယ် Delray Beach မှာ မတ်လ(၂၆)ရက်က ကပြခဲ့ရာ ပွဲချစ်ပရိဿတ်ကြီးက အားရပါးရပျော်ရွှင်စွာအားပေးခဲ့ကြပါသည်။
အောက်ပါ ဖေ့စ်ဘုတ်လင့်ကိုနှိပ်၍ ဓါတ်ပုံများကြည့်နိုင်ပါသည်။
https://www.facebook.com/cobaflorida/posts/663720920336004?stream_ref=1
ဖလော်ရီဒါပွဲကိုတော့ ပြည်သူ့ဂုဏ်ရည်အသင်းက ဒီနှစ်မှာကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆုပေး ပွဲအတွက် အကြိုရန်ပုံငွေပွဲအဖြစ်နဲ့ ကျင်းပခဲ့တာဖြစ်ပါသည်။
၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခန်းအနားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က Palm Beach Gardens မြို့မှာ မေလ(၂၄)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါသည်။
ပြည်သူ့ ဂုဏ်ရည်ဆုအတွက် အများပြည်သူများက နှစ်သက်ရာ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအမည်များကို
http://www.citizenofburma.org/nomination-form
မှာ ဧပြီလ(၁၅)ရက် နောက်ဆုံးထား အဆိုပြုကြပါရန် တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်ထားပါသည်။
ဆုရရှိသူများကို ဂုဏ်ပြုဆုလက်မှတ်နှင့်အတူ ငွေသား (ဒေါ်လာ) တစ်သောင်း (US$10,000.)ချီးမြှင့်နေတာဖြစ်ပါသည်။
မြန်မာပြည်တွင်းမှာလည်းအခမ်းအနားနဲ့ ထပ်မံဂုဏ်ပြုမှာဖြစ်ပါသည်။
သန်းနိုင်
ဖလော်ရီဒါ
ပြည်သူ့ဂုဏ်ရည်အသင်း