စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ရှိ ဆိုးဆာမြို့ တော်ခန်းမတွင် ၂၀၁၃ ခုနှစ်၊ မေလ(၂၆)ရက်၊ တနင်္ဂနွေနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မြန်မာနိုင်ငံတွင် နိမ့်ကျယိုယွင်းလျက်ရှိနေသော မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၏ ပညာရေးကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ လုပ်ဆောင်လျက်ရှိနေပြီး၊ မူလ တန်းပညာရေးအစ တက္ကသိုလ်ပညာရေးအလယ် ပညာတတ်ပါရဂူများပေါ်ထွက်လာရေးအဆုံး မြန်မာနိုင်ငံပညာရေး မြင့်မား တိုးတက်လာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန် ယက်” ကို ဂုဏ်ပြုချီးမြှင့်လိုက်ပါသည်။
ပြည်သူ့ဂုဏ်ရည်ဆု အထူးဆု (၃)ဆုကို မြန်မာနိုင်ငံတွင် အများအကျိုးအတွက် မိမိကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ စွမ်းအားရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေကြသောသူများကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

  • မြန်မာပြည်သူတို့ရဲ့ ဆင်းရဲကျပ်တည်းမှု ခံစားချက်များကို သီချင်းစာသားများမှတဆင့် ရေးသားဖော်ထုတ်ခဲ့သူ၊ ပြည်သူလူထု၏ ပေါက်ကွဲသံစဉ်များနှင့်အတူ ရပ်တည်ခဲ့သူ၊ မငြိမ်းချမ်းသေးသော မြန်မာတိုင်းရင်းသား ပြည်သူလူထု ကိုယ်စား ‘ပွင့်လင်းငြိမ်းချမ်း ပန်းရဲ့လမ်း”မှာ မမောတမ်း ဦးဆောင်လျှောက်လှမ်းနေသူ၊ မြန်မာပြည်သူများနှင့်အတူ ‘ ပန်းခရမ်းပြာအိပ်မက်များ’၏ အနာဂတ်အတွက် ဦးရဲလွင်(မဇ္ဈိမလှိုင်း) ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံရဲ့အလယ်ပိုင်း မိုးခေါင်ရေရှားဒေသများတွင် အဖိုးတန်ဆုံးဖြစ်သည့် ရေကောင်းရေသန့် ရရှိဖို့အတွက် နောက်ကျိနေသာရေဆိုး၊ ရေနှောက်မှတဆင့် သောက်သုံးရန် သင့်လျော်သော ရေကောင်းရေသန့်ဖြစ်လာစေရန် မိမိတတ်မြောက်ထားသော အသိပညာ/အတတ်ပညာများဖြင့် မီးဖိုချောင်သုံးပစ္စည်းများဖြင့်သာ တီထွင်ပြုလုပ်ထား သော တန်ဖိုးနည်း ရေသန့်ထုတ်လုပ်ခြင်းကို တီထွင်ပြုလုပ်ခဲ့သော ဦးသန်းနိုင် ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံသားများရဲ့ လိုအပ်နေသော ထောင့်အသီးသီးမှ ကွက်လပ်ဖြည့်ပေးနေသူ၊ ဆုံးရှုံးနေသော အခွင့် အရေးများ၊ အဓမ္မ လယ်မြေသိမ်းပိုက်ခံနေရမှုတို့ကို တရားဥပဒေဘောင်အတွင်းမှနေ၍ တောင်သူလယ်သမားများ ၏ ရှေ့မှ မားမားမတ်မတ်ရပ်တည်၍ ဦးဆောင်လှုပ်ရှားနေသော ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း) ဖြစ်ပါတယ်။
    ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနား၏ အထူးအစီအစဉ်တရပ်ဖြစ်တဲ့ “လူထုနဲ့ သူတို့” ဆိုသည့် ပြည်သူ့အကျိုး ပြုလူထုလှုပ်ရှားမှုများအပေါ် ရှု့ထောင့်အသီးသီးမှသုံးသပ်ပြောဆိုကြမည့် ပြည်သူ့ဂုဏ်ရည်စကားဝိုင်းဖြစ်ပါသည်။ လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ ဦးအေးလွင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးအောင်မိုးဇော်နှင့် ပြည်သူ့ဂုဏ်ရည်အသင်း (လော့အန် ဂျဲလိစ်ဌာနခွဲ)မှ ဦးကိုလေး တို့မှပါဝင်သုံးသပ်ကြသည့် ပြည်သူ့ဂုဏ်ရည်စကားဝိုင်းကို တက်ရောက်လာသည့် ဧည့်ပရိ သတ်မှ အထူးနှစ်ခြိုက်အားပေးခဲ့ကြပါသည်။
    HAJA PRODUCTION SCHOOL မှ ကျောင်းသား/ကျောင်းသူများ၏ မြန်မာသီချင်းများ၊ ကိုရီးယားရိုးရာအက တို့ဖြင့် ဖျော်ဖြေတင်ဆက်ပုံများ၊ ၈၈ မျိုးဆက် ကိုဂျင်မီ ကိုယ်တိုင်ရေးသားသီဆိုသော “အကျဉ်းကျ နှလုံးသားများ” ၊ ပြည်သူ့ဂုဏ်ရည်အသင်း ဂုဏ်ပြုတေးဖြစ်သော “ဂုဏ်ရည်”သီချင်းကို Yမြစ်ချိုမှ သီကုံးရေးဖွဲ့ပြီး နေသစ်၊ ဆုတောင်း တို့၏ THE KIMCHI BAND၏ ဖျော်ဖြေတင်ဆက်မှုနှင့် ကိုမျိုးဇော် (RAINBOW)၏ “နိုင်ငံတကာ ရင်သွေးငယ်များ” သီချင်းတို့ဖြင့် ဧည့်ပရိသတ်တို့ကို ဧည်ခံဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
    ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားသို့ ကိုရီး ယားလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားရှိ မြန်မာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၀၀)ခန့် တက်ရောက် ဂုဏ်ပြုခဲ့ပါသည်။
    ၂၀၁၄ ခုနှစ် ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။