ပန်းခရမ်းပြာအိပ်မက်များ ရံပုံငွေရှာဖွေ ပွဲ (Las Vegas) ကျင်းပပြီးစီး

ပြည်သူ့ဂုဏ်ရည်အသင်း လက်စ်ဗေးဂတ်စ်ဌာနခွဲ မှ စီစဉ်သည့် ပန်းခရမ်းပြာအိပ်မက်များ (ကချင်နှင့် ရခိုင်ဒေသများ ရှိ ဒုက္ခရောက်နေကြသော တိုင်းရင်းသားများအတွက်) ရံပုံငွေရှာဖွေ ပွဲ ကို ပြည်သူ့ ဂုဏ်ရည်လှုပ်ရှားမှုများကို ထောက်ခံအားပေးသူ မစိုးအေး (Grace Aye) ၏ နေအိမ်ခြံဝင်း အတွင်းတွင် ညနေ ၆ နာရီ ခန့်တွင်စတင်ကျင်းပခဲ့ပါသည်။ အခမ်းအနား တွင် အခမ်းအနားမှုး အဖြစ် မစောစန္ဒာဝင်း မှ ဆောင်ရွက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဒုက္ကဌ ကိုဝင်းသူအောင် မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် မြို့မိမြို့ဖ တစ်ဦးဖြစ်သော ဦးဆန်နီ မှ ဒေါ်သန်းမြင့်အောင် ( ဒုက္ကဌ- နာရေးကူညီမှုအသင်း) ၊ ကို ရဲ လွင် (မဇ္ဈိမလှိုင်း) နှင့်အဆိုတော် ကိုဆောင်းဦးလှိုင် တို့အား မြို့နေ မြန်မာမိသားစုများကိုယ်စား ကျေးဇူးတင်စကားပြောကြားပါသည်။ အစီအစဉ်အရ ကို ရဲလွင်၏ ကိုယ်ရေးအကျဉ်းကို လက်စ်ဗေးဂတ်စ်မြို့ ပြည်သူ့ဂုဏ်ရည်တာဝန်ခံ ကိုဘိုတောက်မှ လည်းကောင်း၊ ကိုဆောင်းဦးလှိုင် ၏ကိုယ်ရေးအကျဉ်းကို ကိုထွန်းလွင်မွန်( Nathan Moon) မှ လည်းကောင်း၊ ဒေါ်သန်းမြင့်အောင် ၏ ကိုယ်ရေးအကျဉ်းကို ဒေါ်ခိုင်ခိုင်ဆွေ မှလည်း ကောင်း အသီးသီး ဖတ်ကြား ပေးခဲ့ပါသည်။
ထို့နောက် ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင် နှင့် ဒေါ်သန်းမြင့်အောင် တိ ု့မှ တစ်ဦးစီ ၏ နိုင်ငံရေး ၊လူမှုရေး ဆောင်ရွက်မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားကြပါသည်။ ထို့အပြင် ကိုဘိုတောက် မှ လက်စ်ဗေးဂတ်စ်မြို့ နေမြန်မာမိသားစု၏ အမှတ်တရ လက်ဆောင်ပစ္စည်းများကို ကို ရဲလွင်၊ ကိုဆောင်းဦးလှိုင် နှင့်ဒေါ်သန်းမြင့်အောင်အား ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကိုရဲလွင် နှင့်ကိုဆောင်းဦးလှိုင်တို့မှ တေးဂီတများ တီးခတ်၍ မြို့ခံ ပရိသတ်များ နှင့်အတူ ပျော်ရွှင်စွာ တီးခတ်ဖျော်ဖြေတင်ဆက် ခဲ့ပြီး ည ၁၁ နာရီ ခန့်တွင်အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့ခံ နှင့်အခြားမြို့ မှဧည့်သည် ပရိသတ်အားလုံးပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ပြီး ကိုမြတ်ဝင်း၊ ကိုနေလင်းနှင့်မစိုး၊ ကိုကျော်းသန်းနှင့်မအေးသဇင်ခိုင်၊ ကိုမောင်မောင်နှင့် မအေးဇာဇာ၊ ဦးဆန်နီနှင့်ဒေါ်ခင်မေဦး မိသားစုများမှ တက်ရောက်လာသော ပရိသတ်များအား ကြာဇံကြော်၊ ဒံပေါက်၊ ပဲပြုတ်ဆီထမင်း ၊သာကူပြင်၊ဆူရှီးနှင့် ပုဇွန်ကြော် တို့ဖြင့် လှူဒါန်း ကျွေးမွေးဧည့်ခံပါသည်။ ရံပုံငွေ (US$ 2695) ရရှိခဲ့ ပြီး အလှူငွေများ ကို နာရေးကူညီမှု့အသင်း(ရန်ကုန်) နှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။
(Credit: ကိုကိုထွေး ၊ ဓါတ်ပုံ ကိုမိုးကျော်)