ရခိုင်ဒေသရှိပြည်သူများကို ဖလော်ရီဒါမြန်မာမိသားစုများ၏စာနာမှုဖြင့်လှူဒါန်းခြင်း

ရခိုင်ဒေသရှိပြည်သူများကို ဖလော်ရီဒါမြန်မာမိသားစုများ၏စာနာမှုဖြင့် လှူဒါန်းခြင်းအခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခမ်းတွင် ဇူလိုင်(၃၀)ရက်က ကျင်းပခဲ့ပါသည်။
ရခိုင်ဒေသတွင်အဓိကရုဏ်းများကြောင့် သေကြေဒါဏ်ရာရခြင်း၊ အိုးအိမ်များဆုံးရှုံးစွန့်ခွါရခြင်းနှင့် စားဝတ်နေ ရေး ကျန်းမာရေး ပညာရေးဒုက္ခများခံစားနေကြရသော တိုင်းရင်းသားပြည်သူများကို ကိုယ်ချင်းစာတရား ကရု ဏာတရားတို့ဖြင့် ဖလော်ရီဒါရှိမြန်မာမိသားစုများက ၈၈မျိုးဆက်ကျောင်းသားများမှတဆင့် ထောက်ပံ့လှူဒါန်း ငွေ $2370.00 (နှစ်ထောင့်သုံးရာခုနှစ်ဆယ်တိတိ)ကိုပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာမိသားစုများ၏လှူဒါန်းငွေများကို ဖလော်ရီဒါရှိ ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲမှ တာဝန်ယူကောက်ခံစု ဆောင်း၍ တာဝန်ယူပေးပို့လှူဒါန်းခဲ့သောဤအစီအစဉ်တွင် မနီဆိုးတားနှင့်အရီဇိုးနားပြည်နယ်တို့မှ အလှူရှင် များကလည်းပါဝင်လှူဒါန်းခဲ့ကြပါသည်။
အခမ်းးအနားကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
“ ပြည်တွင်းမှတိုင်းရင်းသားများသာမက နိုင်ငံတကာမှာရှိနေတဲ့သားချင်းများကပါ မသိကျိုးကျွံမပြုဘဲနဲ့ ငါတို့ သွေးချင်းထဲမှာဖြစ်နေတဲ့အနာတရပါလားလို့ ထည့်ဝင်လှူဒါန်းလိုက်ခြင်းဟာပိုမိုကျယ်ပြန့်သွားစေပါတယ်။ ကျ နော်တို့ယုံကြည်ရမှာက စင်္ကြာဝဠာထဲကတနေရာမှာရှိနေတဲ့ကျနော်တို့သွေးချင်းတွေဟာ မေတ္တာတွေစေတနာ တွေ တတ်နိုင်တတ်စွမ်းသမျှစိတ်ဓါတ်ခွန်အားတွေကိုပေးနေအုံးမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ အဲဒီလိုယုံ ကြည်တဲ့အလျောက်လည်း ကျနော်တို့ရခိုင်ပြည်သူတွေဆီကို အဲဒီစိတ်ဓါတ်တွေအရောက်ပို့ပေးပါမယ်လို့ ကတိ ပြုရင်း အားလုံးကိုကျေးဇူးတင်ပါတယ် ” လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောကြား ပါသည်။
၈၈မျိုးဆက်ကျောင်းသူမမီးမီးကပြောကြားရာတွင် ရခိုင်ပြည်သို့သွားရောက်ခြင်းမှာ လှူဒါန်းငွေနှင့်ပစ္စည်းများပေး အပ်ယုံသက်သက်မဟုတ်ဘဲ သွေးချင်းသားချင်းများကို စိတ်ဓါတ်ခွန်အားများပေးခြင်းကိုပါလုပ်ဆောင်ခြင်းဖြစ် ကြောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများသည် တိုင်းရင်းသားသွေးချင်းများနှင့်တစ်သားတည်းဖြစ်ကြောင်းကို အလေးအနက်ထည့်သွင်းပြောကြားပါသည်။
အခမ်းအနားတွင် ပြည်သူ့ဂုဏ်ရည်အသင်းမှစုဆောင်းရရှိသော ဖလော်ရီဒါမိသားစုများ၏လှူဒါန်းမှုနှင့်အတူ ဦးစိန်ဝင်းနှင့်တူမ မစန်းစန်းတို့ကလည်း(ကျပ်ငွေငါးသောင်း)ကိုသီးသန့်လှူဒါန်းခဲ့ကြပါသည်။ ။
သတင်း – ကိုသန်းနိုင် (ဖလော်ရီဒါ)