ကချင်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေရှာဖွေပွဲ (လော့စ်အိန်ဂျလိစ်)

ကချင်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေရှာဖွေပွဲ (လော့စ်အိန်ဂျလိစ်မြိ့ု)ကို ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူ့ဂုဏ်ရည်အသင်း အယ်လ်အေဌာနခွဲတို့ ပူးပေါင်းကာ First Baptist Church, 6019 Baldwin Ave, Temple City, CA 91780 တွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ဖျော်ဖြေရေးအစီအစဉ်များမှာ – ကချင်ရိုးရာ အဆို၊ အကများ၊ ကရင်ဒုံးယိမ်း၊ နှင့် ဒေါက်တာပြည်စိုး ဦးစီးသည့် RENDEZVOUS MUSIC BAND နှင့်အတူ စန္ဒယားခင်နုနု၊ သီရိညွန့်၊ မျိုးချစ်မြန်မာ၊ Billy and Anna, Timothy, Twinkle, Mona Lisa Min, Saw Ju and more ….. ကချင်ဒုက္ခသည်များအခြေအနေ – ဒေါက်တာစိုင်းထွေးမောင်ရဲ့ အတွေ့အကြုံ တင်ပြချက်။
မြန်မာ့ဓလေ့ အစားအစာများကိုလည်း ရောင်းချလှူဒါန်းသွားကြမည်ဖြစ်ပါသည်။
နေ့ရက် – ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၂ (စနေနေ့)
အချိန် – ညနေ ၅း၀၀ နာရီမှ ၉း၀၀ နာရီအထိ
မေတ္တာလက်မှတ်များ ပေးဝေကာ ကံစမ်းမဲဖေါက်ပေးမည် ဖြစ်ပါသဖြင့် ကြွရောက်အားပေး လှူဒါန်းကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူငွေများကို Kachin American Association (KAA) မှတဆင့် နယ်စပ်ဒုက္ခသည်များထံ ပို့ဆောင်လှူဒါန်းသွားမည် ဖြစ်ပါသည်။
ပိုမိုသိလိုပါက – Maureen Seng Mai (626)367-5108၊ မနီလာစိန် (626)506-9607၊ June Din (626)234-5727၊ ဦးကိုလေး (626)383-6901၊ ကိုဘိုဘို (909)610-5054 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။