ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားမှုဖြင့် အမေရိကန်ပြည်ထောင်စုသို့ ယခုနှစ် မေလ ၁ရက်နေ့က ရောက်ရှိနေသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ အကယ်ဒမီ ဦးကျော်သူ (ဥက္ကဌ နာရေးကူညီမှုအသင်း) နှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက် (အတွင်းရေးမှူး နာရေးကူညီမှုအသင်း) တို့သည် မေလ ၂၇ ရက်နေ့ကကျင်းပခဲ့သော တတိယ အကြိမ် ပြည်သူ့ဂုဏ်ရည် ဆုပေးအပ်ပွဲ အခမ်းအနားနှင့် ပြည်သူ့ဂုဏ်ရည်အသင်း က စီစဉ်သော အမေရိကန်ပြည်ထောင်စုတလွှား မြန်မာ တိုင်းရင်းသား မိသားစုများနှင့် တွေ့ဆုံပွဲများကို တက်ရောက်ခဲ့ကြပြီး ယနေ့ (ဇွန်၊ ၂၇၊ ၂၀၁၂) တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ အဝေးရောက်မြန်မာတိုင်းရင်းသားမိသားစုများက ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းကြီးသို့ အမေရိကန်ဒေါ်လာ တသိန်းခွဲကျော် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓါတ်ပုံ – ကိုကျော်ဝဏ္ဏ၊ ကိုမိုးကျော်နှင့် ကိုဘိုဘို (L.A Chapter)