ပြည်သူ့ဂုဏ်ရည် ဖို့တ်ဝိန်းဌာနခွဲ ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ ဇေတဝန်ကျောင်းတိုက်က ကြီးမှူးကျင်းပသော ပြည်သူဂုဏ်ရည်အသင်း ဖို့တ်ဝိန်းဌာနခွဲ ရန်ပုံငွေ ဈေးရောင်းပွဲကို မေလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ဇေတဝန်ကျောင်းတိုက် ဆရာတော် ဦးကုသလ ဦးဆောင်လမ်းညွန်မှုဖြင့် ကျင်းပသော အဆိုပါ ဈေးရောင်းပွဲကို Foster Park တွင် နံနက် ၉ နာရီမှ ည ၈ နာရီ အထိ ပြုလုပ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၇ ဆိုင် ဖွင့်လှစ်ရောင်းချခဲ့သည်။
ဈေးရောင်းပွဲတွင် ထိုင်း အစားအသောက်များဖြစ်သည့် စိုက်ကော်၊ ကြက်ကင်၊ သင်္ဘောသီးထောင်း၊ ကွေ့တယို တို့အပြင် မြန်မာအစားအစာများဖြစ်သည့် မုန့်ဟင်ခါး၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ဒန်ပေါက်၊ ဝက်ခေါင်းသုပ်၊ ဝက်သားတုတ်ထိုး၊ တို့ဟူးသုပ် တို့နှင့် ရေခဲမုန့်၊ အအေးမျိုးစုံ၊ ကွမ်းယာ စသည်တို့ကို ပျော်ရွှင်စွာ ရောင်းချခဲ့ကြသည်။
အဆိုပါ ရန်ပုံငွေဈေးရောင်းပွဲသို့ ပရိသတ် ၅၀၀ ခန့် လာရောက်အားပေးခဲ့ပြီး bingo ကစားခြင်းအပြင် ရန်ပုံငွေ ကံစမ်းမဲအစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
ရန်ပုံငွေ ကံစမ်းမဲ အစီအစဉ်တွင် ပထမဆု ရွှေလက်စွပ် တစ်ကွင်းနှင့် ဒေါ်လာ ၁၀၀၊ ဒုတိယဆု ဒေါ်လာ ၂၀၀၊ တတိယဆု ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး မကျော့ကျော့ က ပထမဆု၊ ကိုဝဏ္ဏမောင် က ဒုတိယဆု၊ မနွယ်နွယ်က တတိယ ဆု အသီးသီး ကံထူးသွားခဲ့သည်။


ဓာတ်ပုံများကြည့်ရန်….