ပြည်သူ့ဂုဏ်ရည် ဂျပန်ဌာနခွဲ ရန်ပုံငွေပွဲပြုလုပ်

ဧပြီလ ၁၅ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် သင်္ကြန်ပွဲတော်အတွင်း ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲက ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့သည်။
သင်္ကြန်ပွဲတော်ကို တိုကျိုမြို့လယ်ရှိ ဟိဘိယပန်းခြံအတွင်း နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံရှိ မြန်မာ့မိတ်ဆွေ အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်များ အားလုံး ပါဝင်ဆင်နွဲှဲခဲ့ကြသည်။
အဆိုပါပွဲတော်အတွင်း ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲက ရန်ပုံငွေအတွက် ထမနဲ၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ သနပ်စုံ၊ စမူဆာ တို့ရောင်းချခဲ့ကြသည်။
တိုကျိုမြို့တွင် ပွဲတော်မတိုင်မီ ရက်များက ဆက်တိုက် မိုးရွာသွန်းခဲ့သော်လည်း ပွဲတော်နေ့တွင် ရာသီဥတု ကောင်းမွန်ခဲ့သောကြောင့် ဂျပန်၊ မြန်မာမိတ်ဆွေများ ယခင်နှစ်များထက် ပိုမို လာရောက်ခဲ့သဖြင့် အထူးစည်ကား အောင်မြင်သော ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။ ။