ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါ ဌာနခွဲ ဖွဲ့စည်း

ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံတို့ကို သဘောတူနှစ်သက်သဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အတွင်းရှိ မိတ်ဆွေများက ‘ဖလော်ရီဒါ ဌာနခွဲ’ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် အဆိုပါဌာနခွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအတိုင်း ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖလော်ရီဒါ ဌာနခွဲတာဝန်ခံအဖြစ် ကိုသန်းနိုင် ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ကိုဂျိမ်းလင်းထွန်း ကို ရွေးချယ်ခဲ့ကြသည်။

ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

ဘဏ္ဍာရေးကော်မတီ 

  • ကိုသန်းနိုင်

စာရင်းစစ်ကော်မတီ

  • ကိုတယ်ရီမောင်ဝင်း

ပြန်ကြားရေးကော်မတီ

  • ကိုသက်လွင်

စည်းရုံးရေးကော်မတီ

  • ကိုဂျိမ်းလင်းထွန်း
  • ကိုနေဝင်းထွန်း