၂၀၁၀ ခုနှစ် ပဏာမ စာရင်းဝင်များ

မြန်မာပြည်အတွင်း လူမှုအကူအညီပေးရေးလုပ်ငန်းများအား ကိုယ်ကျိုးစွန့် လုပ်ကိုင်သူများအား ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ချီးမြှင့်ဂုဏ်ပြုသည့်အစီအစဉ်ကို ပြည်ပရောက်မြန်မာများက စတင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ ၂၄ ရက်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့၌ ပထမအကြိမ် ဆုချီးမြ‡င့်ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည်။ မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ တင်သွင်းခဲ့သော အဆိုပြုလွှာများမှ အသင်းအဖွဲ့နှင့် ရဟန်း၊ လူပုဂ္ဂိုလ် စာရင်း ၂၄ ခုရရှိခဲ့ပါသည်။ ထိုစာရင်းမှ ဆန်ခါတင် ၅ ဦးကို ဆုပေးပွဲဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်သည့်မြို့များက ဆန္ဒပြုရွေးချယ်ပြီးနောက် မြန်မာပြည်တွင်းနှင့် ကမBာတဝန်းမှ မြန်မာများက အင်တာနက်မဲပေးစနစ်ဖြင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူကို ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။

(၁) ကရုဏာ လူမှုကူညီရေးအသင်း
ရှမ်းပြည်နယ် မူဆယ်မြို့တွင် တည်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာ့ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသောအသင်းဖြစ်သည်။

(၂) ရုပ်ရှင်သရုပ်ဆောင် ကျော်သူ
သရုပ်ဆောင်လုပ်ငန်းကို အထိခိုက်ခံ၍ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းကို ဦးဆောင်ကာ လူမှုရေးလုပ်ငန်းများတွင် ဦးဆောင်ကူညီရင်း အယူသီးမှု၊ ခေတ်နောက်ပြန်ဆွဲသည့် အစွဲများကို ချေဖျက်နိုင်ရေးကိုလည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်နေသူဖြစ်သည်။

(၃) ဒေါက်တာ စောဝါးထူး
မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သည်။

(၄) လူရွှင်တော် ဇာဂနာ
ထင်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်၊ ဒါရိုက်တာ ဖြစ်ပြီး ၂ဝဝ၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသင့် ပြည်သူများအား အကူအညီပေးခဲ့ပြီး ပကတိအနေအထားများကို မီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သဖြင့် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံနေရသူဖြစ်သည်။

(၅) ဦးဇေယျာပဏ္ဍိတ
ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း မိုးညှင်းသိင်္ဂီကျောင်းတိုက်ဆရာတော် (ပိုင်းလော့ဆရာတော်) ဖြစ်ပြီး နာဂစ်မုန်တိုင်းသင့် ကျေးရွာများတွင် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ခဲ့သူဖြစ်သည်။

(၆) သီတဂူဆရာတော် ဦးဉာဏိဿရ
၁၉၈ဝ ပြည့်လွန်နှစ်များမှစ၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့တို့ကို အခြေပြုကာ သောက်သုံးရေအလှူ၊ ဆေးဝါးကုသမှုအလှူနှင့် စေတနာ့ဝန်ထမ်း လုပ်ငန်းများကို အားပေးထောက်ပံ့၊ လှုံ့ဆော်တည်ထောင်သူဖြစ်သည်။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ရှေ့တန်းမှ ဦးဆောင်အကူအညီပေးခဲ့သူ ဖြစ်သည်။

(၇) ဦးနာယက
မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကတည်းက တည်ထောင်ခဲ့ပြီး စေတနာရှင်များနှင့်ပူးပေါင်း၍ နေ့ကျောင်း၊ အဆောင်နေ ပညာသင် ငါးထောင်ကျော်ကို ပညာသင်ကြားပေးနေသူ၊ ပြည်နယ်အစွန်အဖျားမှ ကလေးသူငယ်များကို စောင့်ရှောက်နေသူဖြစ်သည်။

(၈) နာရေးကူညီမှုအသင်း (ရန်ကုန်)
ထင်ရှားသည့် စာပေနှင့် ရုပ်ရှင်အနုပညာသည်များအပါအဝင် လူတန်းစားအလွှာမျိုးစုံမှ စေတနာရှင်များဖြင့် ဖွဲ့စည်းထားပြီး နာရေးအကူအညီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအပါအဝင် ကျန်းမာရေးအကူအညီ၊ ပညာရေးအကူအညီပေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။

(၉) မဖြူဖြူသင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်ပြီး အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာရှင် ကူညီစောင့်ရှောက်ခြင်း၊ အသိပညာဖြန့်ဖြူးခြင်းလုပ်ငန်းများကို အခက်အခဲမျိုးစုံကြားမှ ဇောက်ချလုပ်ကိုင်နေသူဖြစ်သည်။

(၁၀) ဗြဟ္မစိုရ်အသင်း (မန္တလေးမြို့)
၁၉၉၈ ခုနှစ် မေလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီးနောက် နာရေးကူညီမှုများ ဆောင်ရွက်ခဲ့ပြီး ၂ဝဝဝ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့မှစ၍ ကျန်းမာရေးအကူအညီပေးမှုများကိုပါ ဆောင်ရွက်နေသည့်အသင်းဖြစ်သည်။

(၁၁) မလွန်ဈေး ဆန်လှူအသင်းကြီး
မန္တလေးမြို့အခြေပြုအသင်းဖြစ်ပြီး ၁၈၉၆ ခုနှစ်တွင် စတင်တည်ထောင်၍ မြန်မာပြည်တွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသည့် ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်တွင် သီတင်းသုံးကြသော ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို လှူဒါန်းနေသည့်အသင်းကြီးဖြစ်သည်။

(၁၂) မေရီချက်ပ်မင်း ဆွံ့အနားမကြားကျောင်း (ရန်ကုန်)
၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလန်သူ မစ္စ မေရီချက်ပ်မင်း (္နငျျ ္နမေပ ဃ့စောညေ) က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၌ ဆွံ့အ နားမကြား ကလေးငယ်များအတွက် ပထမဆုံးဖွင့်လှစ်ခဲ့သည့်ကျောင်း ဖြစ်သည်။

(၁၃) ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)
နာရေးကူညီမှုအသင်းတွင်ပါဝင်၍ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နာဂစ်မုန်တိုင်းကယ်ဆယ်ရေးတွင် ဦးဆောင်ကူညီခဲ့သူတစ်ဦးဖြစ်သည်။

(၁၄) ဦးမြင့်အေး (လူ့အခွင့်အရေး ကာကွယ်မြ‡င့်တင်သူများအဖွဲ့)
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်တွင် အခြေပြု၍ အဓမ္မလုပ်အားပေးနှင့် ကလေးစစ်သား ပပျောက်ရေး၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို ကျေးလက်အထိ သွားရောက်ကာ ကူညီဆောင်ရွက်သူဖြစ်သည်။

(၁၅) မြန်မာဘလော့ဂ်ဂါ ဆိုဇိုင်ယတီ (္နBှ-္နပညောမေ Bူသါါနမ ှသခငနအပ)
အင်တာနက်နှင့် ကွန်ပျူတာအခြေပြု ပညာဒါနလုပ်ငန်းကို စေတနာ့ဝန်ထမ်းလုပ်ကိုင်နေသည့်အဖွဲ့ ဖြစ်ပြီး နာဂစ်မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

(၁၆) မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ
ရန်ကုန် ကျောက်တံတားမြို့နယ်တွင်ရှိပြီး အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်သည်။

(၁၇) ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှုအသင်း
မိတ္ထီလာမြို့တွင် တည်ရှိပြီး ၁၉၉၂ ခုနှစ်မှစ၍ သံဃာတော်များအား ဆွမ်းလောင်းလှူခြင်း၊ နာရေးကူညီမှုများ၊ မိတ္ထီလာလူအိုရုံ၏ ဝေယျာဝစ္စများ ကူညီဆောင်ရွက်နေသည့်အသင်းဖြစ်သည်။

(၁၈) သုခရိပ်မြုံ (အိတ်ချ်အိုင်ဗီ ကူးစက်ခံ မိဘမဲ့ကလေးများဂေဟာ)
ရန်ကုန် ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် တည်ရှိပြီး အိတ်ချ်အိုင်ဗီ ကူးစက်ခံ မိဘမဲ့ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ပညာသင်ကြားပေးနေသည့် နေရာဖြစ်သည်။

(၁၉) ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)
မှော်ဘီမြို့ မင်္ဂလာကျောင်းတိုက်ဆရာတော်ဖြစ်ပြီး နာဂစ်မုန်တိုင်း သင့်ပြည်သူများအား ကူညီခြင်း၊ ပညာရေး ကျန်းမာရေး နှင့် အထွေထွေလူမှုရေးလုပ်ငန်းများတွင် လှူဒါန်းထောက်ပံ့ခြင်းများ ဆောင်ရွက်သူဖြစ်သည်။

(၂၀) စာရေးဆရာမ သန်းမြင့်အောင်
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူတစ်ဦးဖြစ်ပြီး နာရေးကူညီမှုလုပ်ငန်းအပြင်၊ အိတ်ချ်အိုင်ဗီ ကူးစက်ခံကလေးငယ်များ စောင့်ရှောက်ရေးအတွက် ရန်ပုံငွေရှာခြင်းနှင့် လူထုအတွင်း စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေရန် တိုက်တွန်းအားထုတ်နေသူဖြစ်သည်။

(၂၁) ဦးအာစိÀ (တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း)
ရန်ကုန် ရွှေပြည်သာမြို့နယ်တွင်ရှိပြီး စက်ရုံအလုပ်သမားများ၏ ကလေးများအတွက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို ၁၉၆၄ ခုနှစ်ကတည်းက လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်၍ ပညာဒါနပြုခဲ့သူဖြစ်သည်။

(၂၂) ဦးအေးမြင့် (ဦးအေးမြင့်မောင်)
ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရသူများနှင့် အဓမ္မစေခိုင်းခံရသူ တောင်သူလယ်သမား အလုပ်သမားများဘက်မှ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်ပေးနေသူဖြစ်သည်။

(၂၃) လူမှုထူးချွန်ဆုရ ဦးအောင်မြင်စိုး
တသီးပုဂ္ဂလအနေဖြင့် သွေးနှင့် မျက်ကြည်လွှာ လှူဒါန်းခြင်း၊ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား စောင့်ရှောက်ခြင်း စသည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်သည်။

(၂၄) နိုင်ငံရေးအမှုလိုက် ရှေ့နေများ
ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးညီညီထွေး၊ ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူ နှင့် ဦးစောကျော်ကျော်မင်း တို့ဖြစ်ပြီး မတရားမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တရားဥပဒေကြောင်းအရ အကူအညီပေးနေသူများဖြစ်ပြီး ယင်းအတွက် ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူများဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူဂုဏ်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၂ဝ၁၁ ခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ကျင်းပမည်ဖြစ်သည်။ ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းအပါအဝင် အသေးစိတ်အချက်အလက်များ သိရှိလိုပါက www.citizenofburma.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။