Citizen of Burma Award Awardees List – ပြည်သူ့ဂုဏ်ရည်ဆုရှင်များ
join the success
ပြည်သူ့ဂုဏ်ရည်ဆုရှင်များ
၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်

၂၀၂၅ ခုနှစ် ၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဒေါ်အောင်ဆန်းစုကြည်”
သူမ၏ ဘဝတလျောက်လုံး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံ တွန်းလှန်နေသော စိတ်ခွန်အားများကို ဦးညွှတ်ဂုဏ်ပြုမှုအဖြစ် “ဒေါ်အောင်ဆန်းစုကြည်”
၂၀၂၃ ၊ ၂၀၂၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်

၂၀၂၃ ခုနှစ် ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဦးကျော်မိုးထွန်း”
ပြည်သူနဲ့အတူရပ်တည်ပြီး ဖက်ဆစ်တို့၏ဖိနှိပ်မှုများအောက်မှ လူထုအသံကို ကုလသမဂ္ဂစင်မြင့်ထက်မှ ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုနေသူ၊ သတ္တိ၊ပညာ၊သစ္စာတို့နဲ့ ပြည့်စုံသည့် ပြည်သူ့သံအမတ်ကြီး “ဦးကျော်မိုးထွန်း”

၂၀၂၄ ခုနှစ် ၁၅ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သောလူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ”
နွေဦးတော်လှန်ရေးကြီးအတွင်း ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုတွင် တာဝန်ကျေခဲ့ကြသည့် လူငယ်တို့၏ စွန့်လွှတ်၊ ရဲရင့်၊ ထက်မြက်ထူးချွန်သော တီထွင်ကြံဆမှုများကိုဂုဏ်ပြုသည့် “နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သောလူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ”
၂၀၂၁ ၊ ၂၀၂၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်

၂၀၂၁ ခုနှစ် ၁၂ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “မြန်မာ့ နွေဦးတော်လှန်ရေးကြီး”
ဒီမိုကရေစီနှင့် တရားမျှတရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးတို့အတွက် နိုင်ငံနှင့်အဝှန်း ပြည်သူလူထုတရပ်လုံး ရဲဝံ့စွာ ဆန္ဒဖော်ထုတ် ပြသခဲ့ကြသော “မြန်မာ့ နွေဦးတော်လှန်ရေးကြီး”

၂၀၂၂ ခုနှစ် ၁၃ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ပြည်သူ့ကာကွယ်ရေး စစ်သည်တော်များ (PDF)”
စစ်အာဏာရှင်မင်းအောင်လှိုင်၏ လက်ကိုင်တုတ်ဖက်ဆစ်တပ်များကို လူထုရှေ့မှမားမားမတ်မတ် ရပ်တည်ကာကွယ်ပြီး၊ ခုခံ၊ တွန်းလှန်ရေးဆောင်ရွက်နေကြသော “ပြည်သူ့ကာကွယ်ရေး စစ်သည်တော်များ (PDF)”
၂၀၁၉ ၊ ၂၀၂၀ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်များ

၂၀၁၉ခုနှစ် ဆယ်ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ”
ပြိုလဲခဲ့သော နိုင်ငံကြီးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရေးအတွက် ထိရောက်မြန်ဆန်တဲ့ စီမံခန့်ခွဲမှု၊ မဆုတ်မနစ် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယများနှင့် နမူနာကောင်းများပေးနေသော “မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ”

၂၀၂၀ ခုနှစ် ၁၁ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် “COVID-19 ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကိစ္စတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော သူရဲကောင်းများ”
လူသားမျိုးနွယ်တရပ်လုံးကို ခြိမ်းခြောက်နေသည့် COVID-19 ကူးစက်မြန် ကပ်ရောဂါဆိုးကြီးကို ခုခံတုံ့ပြန် ရာတွင် စွန့်စွန့်စားစား ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် ရှေ့တန်းမှနေ၍ စနစ်တကျ၊ စွမ်းစွမ်းတမံ စီမံ၊ ဦးဆောင်၊ ပါဝင်နေကြသူများအားလုံးကို ဂုဏ်ပြုမှုအဖြစ် “COVID-19 ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကိစ္စတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော သူရဲကောင်းများ”
၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်များ

၂၀၁၆ခုနှစ် သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဒေါက်တာသန်းမင်းထွဋ်”
စေတနာဆရာဝန်ကြီးအဖြစ် မိမိ၏ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အင်အားများကို အစွမ်းကုန်အသုံးပြုပြီး ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် နှစ်မြှုပ်လုပ်ကိုင်ဆောင်ရွက်ခဲ့သူ “ဒေါက်တာသန်းမင်းထွဋ်”

၂၀၁၇ ခုနှစ် အဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “မန္တလေး ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်း”
စာသင်သားများအား အလွတ်ကျက်အလွတ်ဖြေ ခေါက်ရိုးကျိုးပုံစံဟောင်းမှ ခွဲထွက်ကာ “ကျောင်းသားဗဟိုပြု ပညာ သင်ကြားရေးစနစ်” ကို စံနမူနာအဖြစ် လမ်းပြတီထွင်ခဲ့ပြီး သိမှု၊ တတ်မှုပညာရေးကိုရှေ့ဆောင်ရှေ့ရွက် အောင်မြင် အောင် အကောင်အထည်ဖော်ခဲ့သော ဆရာတော် ဦးနာယက ဦးစီးနေသည့် “မန္တလေး ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်း”

၂၀၁၈ခုနှစ် နဝမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံ”
၁၉၈၈-၉ဝခုနှစ် ပတ်ဝန်းကျင်၊ စစ်အုပ်စု၏ဖိနှိပ်မှုများ မြင့်တက်နေချိန်အတွင်း နိုင်ငံရေးအသိုင်းအဝိုင်းရှိ နာမကျန်း သူများအတွက် အားကိုးအားထား ပြုခဲ့ရသည့် ဆေးရုံဖြစ်ခဲ့ပြီး၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ ပြည်သူ့ ကျန်းမာရေး အတွက် ၁၉၃၇ခုနှစ် ကတည်းကစတင်ကာ တတ်အားသရွေ့ဆောင်ရွက်ပေးနေခဲ့သော ရန်ကုန်မြို့ရှိ “မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံ”
၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်များ

၂၀၁၃ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်”
တိုင်းပြည်၏ ဆိုးရွားနိမ့်ကျနေသည့်ပညာရေးကို ကြိုးပမ်း မြှင့်တင်ဆောင်ရွက်နေသော “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်”

၂၀၁၄ခုနှစ် ပဥ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “စာရေးဆရာမ ဒေါ်သန်းမြင့်အောင်”
နာရေးကူညီမှုလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးပံ့ပိုးမှုလုပ်ငန်းများဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ခဲ့သည့် “စာရေးဆရာမ ဒေါ်သန်းမြင့်အောင်”

၂၀၁၅ ခုနှစ် ဆဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဗကသ အတွင်းရေးမှူး-မဖြိုးဖြိုးအောင်”
နာဂစ်လေမုန်တိုင်းကြောင့် ဆုံးပါးကွယ်လွန်သူများရဲ့ ရုပ်အလောင်းတွေကို ကောက်ယူ မီးသင်္ဂြိုဟ် ပေးခဲ့သူ၊ ၂၀၁၅ခုနှစ် ပညာရေးပြုပြင်ပြောင်းလဲတောင်းဆိုမှုများတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့သူ၊ “ဗကသ အတွင်းရေးမှူး-မဖြိုးဖြိုးအောင်”
၂၀၁၀ ၊ ၂၀၁၁ ၊ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်များ

၂၀၁၀ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဦးကျော်သူ”
နာရေးကူညီမှုလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးပံ့ပိုးမှုလုပ်ငန်းများဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ခဲ့သည့် “ဦးကျော်သူ”

၂၀၁၁ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဒေါ်ရှု”
သံဃာတော်များဦးဆောင်သော ရွှေဝါရောင်သပိတ်အပြီးတွင် အကျဉ်းကျခံနေရသည့် သံဃာတော်များထံသို့ ထောင်ဝင်စာများ ပေးပို့လှူဒါန်းခဲ့သူ “ဒေါ်ရှု”

၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “လဖိုင်နော်မိန်း”
ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူတွေများအား ကူညီခဲ့သူ၊ သင်းအုပ်ဆရာ “လဖိုင်နော်မိန်း”
join the success
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များ

၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “မဆွတ်ဆိုင်းထွယ်”
စစ်ဘေးသင့်ပြည်သူများကို ကူညီမှုတွေနှင့်အတူ၊ ပြည်တွင်းစစ်ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသော ကချင်တိုင်းရင်းသူ “မဆွတ်ဆိုင်းထွယ်”

၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဦးမိုးရန်နိုင်”
မတရားသည့် အမိန့်အာဏာကို ငြင်းဆန်ပယ်ချခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်နှင့် မိသားစုကို ခွဲခွာစွန့်လွှတ်ပြီး အမှန်တရားဘက်က ရပ်တည်ပြခဲ့သူ၊ ဒုရဲမှူးဟောင်း “ဦးမိုးရန်နိုင်”

၂၀၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဒေါက်တာ မြတ်စန္ဒာသန့်”
အပြစ်မရှိသည့် ရင်သွေးငယ်များနှင့်အတူ မိန်းမသားတို့၏ သိက္ခာ၊ အရှက်အကြောက် စသည်တို့ကို စာနာ နားလည်မှု အပြည့်ဖြင့် မြင့်မိုရ်မေတ္တာ ခိုနားရာ ဆိုသော Single Motherတို့၏ဂေဟာ တည်ထောင်ခဲ့ပြီး၊ ၄င်းတို့ ဘဝလမ်းကြောင်းတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနေသူ “ဒေါက်တာ မြတ်စန္ဒာသန့်”

၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဒေါ်အိအိညိမ်း”
မသန်စွမ်းသူတဦးဖြစ်သည့်တိုင် စိတ်ဓါတ်ခွန်အားမလျော့ဘဲ မိမိမွေးရာဇာတိ ကျေးရွာရှိ ကလေးသူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးခဲ့သူ ဆရာမ “ဒေါ်အိအိညိမ်း”

၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “Clean Yangon Campaign”
အမှိုက်တွေသန့်ရှင်းတဲ့မြို့တွေ၊ မျှော်လင့်ချက်တွေ အသစ်တဖန်ပြန်လည်ရှင်သန်လာမည့် မြို့များဖြစ်လာစေရန် သူတို့ဝန်၊ သူတို့အားဖြင့် ထုဆစ် ခဲ့ကြသော “Clean Yangon Campaign”

၂၀၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “အင်ဂျင်နီယာ ဦးအေးကျော်ကျော်”
မိမိနားလည်တတ်ကျွမ်းသည့် လျှပ်စစ်အင်ဂျင်နီယာပညာဖြင့် မီးတိုင်၊ မီးလိုင်းများ ပြုပြင်ထိန်းသိမ်းရေးနှင့် စနစ်တကျ စံညွှန်းပုံစံများကိုယ်တိုင် ရေးဆွဲပေးခြင်း၊ ရေးဆွဲမယ့်သူများကို ကိုယ်ပိုင်ငွေကြေးများ စိုက်ထုတ်ပြီးဆောင်ရွက်စေခြင်း၊ လျှပ်စစ်နဲ့သက်ဆိုင်သည့် ဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းဆောင်တာ များကို ပြည်ပလုပ်ငန်းခွင် အတွေ့အကြုံ များအပေါ်အခြေခံပြီး ဆောင်ရွက်ပေးခဲ့သူ။ အမှိုက်သိမ်း၊ ရေမြောင်းဖော်၊ ရေပိုက်ပြင်၊ လမ်းသတိ ပေး ဆိုင်းဘုတ်များတပ်ဆင်၊ စတဲ့လူမှုအကျိုးပြုလုပ်ငန်းများနဲ့ ပညာပေးလုပ်ငန်း များကို တီထွင်ကြံဆခြင်း၊ နိုင်ငံခြားတိုင်းပြည်များ၏ နည်းစနစ်များဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်း၊ လုပ်အားပေးများကို စည်းရုံး ဦးဆောင်လုပ်ကိုင်ခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များသို့ အကြံပြုခြင်းများကို နိုင်ငံသားကောင်း တဦး၏ အသိစိတ်ဓါတ်နှင့် အားမလျော့တမ်း ဆောင်ရွက်ပေး နေသူ “အင်ဂျင်နီယာ ဦးအေးကျော်ကျော်”

၂၀၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “နွမ်းပါးပညာရေးအလှူအဖွဲ့ - Care To Poor Education Group -CTPE”
နိုင်ငံဒေသအနှံ့အပြားရှိ ယိုယွင်းပျက်စီးနေသော စာသင်ကျောင်းများတွင် ပညာသင်ယူ နေကြရသည့် ကလေးငယ်များ အမိုးအကာအောက်တွင် လုံလုံခြုံခြုံ အေးအေးချမ်းချမ်း စာသင်နိုင်စေရန် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် အများပြည်သူ၏ ချွေးနှဲစာ လှူဒါန်းသမျှကို အဖိတ်အစင် မရှိစေရန်နှင့် လိုအပ်သော နေရာများတွင် ထိထိ ရောက်ရောက်ဖြစ်စေရန် တာဝန်ခံ တာဝန်ယူမှု အပြည့်ဖြင့် စနစ်တကျဆောင်ရွက်နေသည့် “နွမ်းပါးပညာရေးအလှူအဖွဲ့ - Care To Poor Education Group -CTPE”

၂၀၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်း”
စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်ရေးအောက် မှေးမှိန်ဖျော့တော့ခဲ့ရသော ကဏ္ဍများစွာထဲမှ လူငယ်များနှင့် သက်ဆိုင်သည့် “အသင်းအဖွဲ့များနှင့် စုပေါင်းဆောင်ရွက်မှု အလေ့အထများ”၊ “နိုင်ငံရေးအသိ အမြင် ဖလှယ်မှုများ” ရှုထောင့်စုံ၊ အတွေးအမြင်စုံကို ဖိတ်ခေါ်ရင်း၊ မတူကွဲပြားမှုများကို လေးစားစွာ အသိအမှတ် ပြုတတ်သော ဓလေ့များ၊ တဖန်ပြန်လည်အားကောင်းရှင်သန်လာစေရန် ကြိုးပမ်းခဲ့ကြသည့် မန္တလေးမြို့မှ လူငယ်တစု (ဒေါက်တာတေဇာဆန်း၊ ကိုနိုင်ထူးအောင်၊ ဗိုလ်မုန်တိုင်း) တို့၏ “ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်း”

၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ပန်းရဲ့လမ်း အဖွဲ့”
ပုဒ်မ၄၃၆ ပြင်ဆင်ရေး၊ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး ... စတာတွေမှာ စည်းရုံးလှုံ့ဆော်ခဲ့ပြီး၊ စတင်ဖွဲ့စည်းချိန် ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နဲ့ ညီမျှတဲ့ ကျပ်သိန်း ၆ထောင်ကျော်ကို ပညာရေး၊ ကျန်းမာ ရေး၊ ရေဘေး၊ မီးဘေး၊ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေမှာ ကူညီပေးနိုင်ခဲ့တဲ့. “ပန်းရဲ့လမ်း အဖွဲ့”

၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ”မြန်မာ ပုံပြောသူများ အဖွဲ့”
ကလေးငယ်များကို ပုံပြောပြီး ပညာပေးဖျော်ဖြေခြင်း၊ စိတ်ဒဏ်သင့်နေသောကလေးများကို စိတ်ပိုင်းဆိုင်ရာ ထောက်ကူမှုဖြင့် ပံ့ပိုးပေးခြင်း၊ ပုံပြောနည်းပညာနဲ့ ပုံပြောဓလေ့များ ပြန့်ပွားစေရန် သင်တန်းပေးခြင်း၊ ပုံပြင်များ ကိုလေ့လာပြီးသုသေသနလုပ်ခြင်း ... စသည်တို့ကို လုပ်ကိုင်ဆောင်ရွက် နေသော.. ”မြန်မာ ပုံပြောသူများ အဖွဲ့”

၂၀၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “Save the Library (စာကြည့်တိုက်များ ကွန်ရက်)”
ပြည်သူများ စာအုပ်စာပေအလွယ်တကူဖတ်ရှုနိုင်စေရန် ဒေသအသီးသီးရှိ အခမဲ့စာကြည့်တိုက်များကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး ဝန်ဆောင်မှုအားကောင်းကောင်းဖြင့် ပရဟိတ စာကြည့်တိုက်လုပ်ငန်းများ တဖန်ပြန်လည်ရှင်သန်လာစေရန် အားထုတ်ကြိုးပမ်းနေကြသည့် ပညာတတ် လူငယ်များ၏ “Save the Library (စာကြည့်တိုက်များ ကွန်ရက်)”

၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ပန်းစကားအဖွဲ့”
လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ မပြန့်ပွားသင့်ကြောင်း သတိပေး၊ လှုံ့ဆော်ခဲ့သည့် “ပန်းစကားအဖွဲ့”

၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ကိုဇော်ဇော်”
မိမိကိုယ်တိုင်က အတန်းပညာကို စတုတ္ထတန်း အထိသာ သင်ခဲ့ဖူးပေမယ့်၊ လူတွေကိုစာဖတ်စေချင်သည့် စေတနာနှင့် လမ်းဘေးတွင် ငါးကင်ရောင်းရင်း မိမိ၏ ဖြူစင်သည့် ချွေးနှဲစာကိုအရင်းတည်ပြီး အခမဲ့ စာငှားစနစ်ဖြင့် စာကြည့်တိုက်ဖွင့်ခဲ့သော “ကိုဇော်ဇော်”

၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဒေါ်ခင်မမမျိုး”
ပြည်တွင်းငြိမ်းချမ်းရေး၊ ပညာရေး၊ စစ်အာဏာရှင်များ၏ လိမ်ညာမှုများကို ဖော်ထုတ်ရှင်းပြခြင်းစသည့် ကဏ္ဍ အသီးသီးတွင် စာရေးသားခြင်း၊ ဟောပြောပွဲများ၊ သင်တန်းများ စီစဉ်ပို့ချရှင်းပြခြင်းတို့ကို ဆောင်ရွက် နေသူ “ဒေါ်ခင်မမမျိုး”

၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဦးသန်းနိုင်”
တနိုင်တပိုင်သောက်ရေသန့် နည်းပညာဖြန့်ဖြူးနေသူ “ဦးသန်းနိုင်”

၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “မခင်နှင်းကြည်သာ”
တောင်တန်းဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်သူ၊ တကိုယ်တော်ပရဟိတသမားများကွန်ရက်ကို စတင်တည်ထောင်သူ “မခင်နှင်းကြည်သာ”

၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “One More - ဝမ်းမိုးအဖွဲ့”
စုစည်းမှုစွမ်းပကားကို အကျိုးရှိရှိအသုံးပြုပြီး လူတစ်ဦးစီရဲ့ တစ်လ တစ်ထောင်ထည့်ဝင်မှု များကနေ ပြည်သူများလိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးနေသည့် “One More - ဝမ်းမိုးအဖွဲ့”

၂၀၁၂ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “မစုမိုင်”
ဝေးလံခေါင်ပါးဒေသများတွင် ကိုယ်တိုင် သွားရောက်နေထိုင်ရင်း စုပေါင်းဦးဆောင်မှု၊ စုပေါင်းလုပ်ကိုင် ဆောင်ရွက်မှု စိတ်ဓါတ်အခြေခံကို ဒေသခံများအကြား တည်ဆောက်ပေးနိုင်ခဲ့သော ကချင်တိုင်းရင်းသူ “မစုမိုင်”

၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်”
အကြောက်တရားအောက်တွင် ဖိနှိပ်ခံထားရသည့် ပြည်သူများ၏ အခွင့်အရေးများကို ဖော်ထုတ်ပြီး၊ ပျောက်ကွယ်နေသော လူသားမာန်ကို ပြန်လည်မြှင့်တင်ရန် ကြိုးစားခဲ့သူ “ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်”

၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် “ဦးရဲလွင်”
အကူအညီ လိုအပ်နေသူများအတွက် အနုပညာစွမ်းအင်နဲ့ လှူဒါန်းပေးနိုင်ခဲ့သူ ဂီတပညာရှင်ကြီး “ဦးရဲလွင်”

