
“ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း”
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို အာခံ၊ ဆန့်ကျင်ခဲ့ပြီး ပြည်သူနှင့်အတူ တသားတည်းရပ်တည်ခဲ့သူ၊
ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများအောက်မှ မြန်မာပြည်သူတို့၏ အသံကို ကုလသမဂ္ဂစင်မြင့်တွင် ရဲရဲဝံ့ဝံ့တင်ပြပြောဆိုနေသူ၊
သတ္တိ၊ ပညာ၊ သစ္စာတို့နှင့်ပြည့်စုံသည့် “ဦးကျော်မိုးထွန်း (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး)”ကို ၂၀၂၃ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။

