Skip to content

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ

ထုတ်ပြန်ကြေညာချက်

ရက်စွဲ – ၂၀၂၃ ခုနှစ် မေလ ၆ ရက်

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဌာနခွဲအသီးသီးမှ တင်သွင်းထားကြသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်းများအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရွေးချယ်ခဲ့ကြပါသည်။ 

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နွေဦးတော်လှန်ရေး ကာလအတွင်း၌ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်အား ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရာတွင် ပြည်သူ့ဂုဏ်ရည် ပင်မဆု တစ်ခုတည်းကိုသာ ရွေးချယ်ဂုဏ်ပြုပြီး၊ ၁၄ ကြိမ်မြောက် ဂုဏ်ပြုမှုနှင့် အတူ မြန်မာပြည်တွင်းရှိ စစ်ဘေးသင့်ဒုက္ခသည်များအား ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားကြမည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ပြည်သူ့ဂုဏ်ရည်ဆု ဖြင့် ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ကြေညာအပ်ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ  မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ဗဟို အလုပ်အမှုဆောင်အဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း

Donate Us

Contact admin in need : admin@citizenofburmaaward.org