Skip to content

☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮
၂ဝ၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဆုချီးမြှင့်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့မှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နဲ့ ဒေါ်ခင်မမမျိုးတို့ကိုလည်း ပြည်သူ့ဂုဏ်ရည် အထူးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ပရဟိတနယ်ပယ်တွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေသူတွေကို နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်နေတာဖြစ်ပါတယ်။

Photo: Kyaw Lwin Oo/RFA
https://www.facebook.com/rfaburmese/photos/?tab=album&album_id=10154340251753128


Donate Us

Contact admin in need : admin@citizenofburmaaward.org